ချီဝဲလ် ပြဿနာရဲ့ အဖြေဖြစ်နိုင်တဲ့ ဒစ်ဂ်နေး

ချီဝဲလ် ပြဿနာရဲ့ အဖြေဖြစ်နိုင်တဲ့ ဒစ်ဂ်နေး
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 2 January 2022

ချယ်လ်ဆီးအတွက် အဓိကပြဿနာက ရီးစ်ဂျိမ်းစ် ဒဏ်ရာရသွားခဲ့တယ်ဆိုရင်တောင် RWB နေရာအတွက်က တခြားအစားထိုးစရာ ကစားသမားတွေရှိပြီး၊ LWB နေရာမှာတော့ အစားထိုးနိုင်တဲ့ ကစားသမားနည်းပါးခြင်းပဲ။ ဘင်ချီဝဲလ် ဒဏ်ရာရသွားပြီးတဲ့နောက် ချယ်လ်ဆီးအသင်းဟာ စုစုပေါင်း ပွဲစဉ်(၉)ပွဲ ကစားခဲ့ပြီး ဒီ(၉)ပွဲမှာ မားကို့စ်အလွန်ဆိုက (၈)ပွဲအထိ ကစားခွင့်ရခဲ့တယ်။ အလွန်ဆိုက အရန်ခုံပေါ်ကို ပြန်မသွားရတော့ဘူး။ ပြဿနာက မားကို့စ်အလွန်ဆိုဟာ Week in,Week out ကစားနိုင်တဲ့ကစားသမားမဟုတ်ဘူး။ နိုဝင်ဘာလကုန်က ဂျူဗင်တပ်စ်နဲ့ကစားခဲ့တဲ့ပွဲမှာ ချီဝဲလ်ဒဏ်ရာရခဲ့ပြီးကတည်းက ချယ်လ်ဆီးအတွက် သူဆက်တိုက်ကစားလာခဲ့ရပြီး သူ့ရဲ့အသက်အရွယ်အရ ဒီလောက်အထိ ကစားနိုင်စွမ်းမရှိဘူး။ ဒီတော့ သူ့ရဲ့ ကြံ့ခိုင်မှု ပြဿနာကတစ်ဆင့် စွမ်းဆောင်ရည်ပြဿနာပါ ကြုံတွေ့လာခဲ့တယ်။ ချယ်လ်ဆီးအသင်းရဲ့ အသင်းလိုက်ဟန်ချက်က အားလျော့လာတယ်။ ချီဝဲလ် ဒဏ်ရာရခဲ့ပြီးနောက်ပိုင်းကာလတွေမှာ အသင်းရဲ့ရလဒ်တွေ ကျဆင်းသွားတာက တိုက်ဆိုင်မှုသက်သက် မဟုတ်ဘူး။ ဒီတစ်ချက်တည်းကြောင့်လို့ ပြောရတာများပေမဲ့ ဒါဟာ အစိတ်အပိုင်းတစ်ခုအနေနဲ့တော့ ပါဝင်တယ်။

 

Most Read

Most Recent