■ အယ်လ်ဘာ၏မျက်နှာကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့သည့် ခွန်ဒဲ တစ်ပွဲပယ်ပြစ်ဒဏ်သာ ကျခံရမည်     

■ အယ်လ်ဘာ၏မျက်နှာကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့သည့် ခွန်ဒဲ တစ်ပွဲပယ်ပြစ်ဒဏ်သာ ကျခံရမည်     
Photo: The Sun
Photo: The Sun
Published 25 December 2021

ဆီဗီလာအသင်းနောက်ခံလူ ခွန်ဒဲသည် ဘာစီလိုနာအသင်းနောက်ခံလူ အယ်လ်ဘာ၏မျက်နှာကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့သည့် ဖြစ်ရပ်အတွက် တစ်ပွဲပယ်ပြစ်ဒဏ်သာကျခံရမည်ဖြစ်ကြောင်း သိရသည်။

    

ပြီးခဲ့သည့် အင်္ဂါနေ့က ဆီဗီလာနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ဒုတိယပိုင်း ၆၄ မိနစ်၌ ခွန်ဒဲက လက်ပစ်ဘောမြှောက်ရန် ကြိုးပမ်းစဉ် နှောင့်ယှက်သည့် အယ်လ်ဘာ၏မျက်နှာကို ဘောလုံးဖြင့် ပစ် ပေါက်ခဲ့ခြင်းဖြစ်သည်။ 

ခွန်ဒဲသည် ယင်းလုပ်ရပ်ကြောင့် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး နှစ်ပွဲမှ လေးပွဲပယ်အထိ ကျခံရနိုင်ကြောင်း သုံးသပ်မှုများရှိနေသော်လည်း တစ်ပွဲပယ် ပြစ်ဒဏ်သာ ကျခံရမည်ဖြစ်ကြောင်း သိရသည်။ 

သို့ဖြစ်ရာ ၎င်းအနေဖြင့် ဇန်နဝါရီ ၉ ရက်တွင် ဂီတာဖေးအသင်းနှင့်ကစားမည့်ပွဲတွင် ပြန်လည်ပါဝင်ခွင့်ရမည်ဖြစ်သည်။

Most Read

Most Recent