အန်ကယ်တီယာကို အာတီတာ လက်လွတ်ခံမည်မဟုတ်

အန်ကယ်တီယာကို အာတီတာ လက်လွတ်ခံမည်မဟုတ်
Photo: SPORTbible
Photo: SPORTbible
Published 23 December 2021

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် အသင်း၏တိုက်စစ်မှူး အန်ကယ်တီယာအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် လက်လွတ်ခံမည်မဟုတ်ဘဲ အသင်းတွင်ဆက်ရှိစေရန် တတ်နိုင်သရွေ့ကြိုးစားသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အန်ကယ်တီယာသည် ပြီးခဲ့သည့်အင်္ဂါနေ့ကကစားခဲ့သော လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ် အာဆင်နယ်(၅-၁)ဆန်းဒါးလန်းပွဲ၌ ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။

၎င်းသည် အာဆင်နယ်အသင်းနှင့် ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး  ဇန်နဝါရီလတွင် ပြည်ပကလပ်များနှင့် အကြိုစာချုပ်ခွင့်ရှိနေသူဖြစ်သည်။

Most Read

Most Recent