ပိုချက်တီနိုရဲ့ နည်းဗျူဟာတွေမှာ အခြေခံအကျဆုံး အတွေးအခေါ်က Positional Game ပါပဲ။ ကစားသမားတွေက ပြိုင်ဘက်ကို ဒုက္ခအပေးနိုင်ဆုံးနေရာတွေမှာ နေရာယူပြီး ကိုယ့်အလုပ်ကို တာဝန်ကျေအောင်လုပ်ခြင်း ဖြစ်ပါတယ်။ PSG၊ စပါးတို့မှာ ကြယ်ပွင့်တွေကို ကိုယ်တွယ်တဲ့ပုံစံနဲ့ ဆောက်သမ်တန်၊ အက်စ်ပန်ညိုတို့က အကယ်ဒမီ ကစားသမားတွေကို လမ်းညွှန်ပေးပုံချင်း အတူတူပဲ။ တစ်သက်လုံး အဲဒီဖလော်ဆော်ဖီနဲ့ပဲ အလုပ်လုပ်လာခဲ့တာ။ ဒီနေရာမှာ ကစားသမားတွေရဲ့ နာခံမှု၊ နေရာယူနိုင်စွမ်းက အရေးကြီးတယ်။ ဒီလိုပုံစံနဲ့ နေရာလွတ်တွေကို ထိန်းချုပ်ပြီး ပြိုင်ဘက်ကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားတာပါ။ နူးကမ့်မှာ ဘာပေသွင်းခဲ့တဲ့ ချေပဂိုးက ပိုချက်တီနိုရဲ့ နည်းဗျူဟာတည်ဆောက်ပုံကို မြင်သာစေတဲ့ အကောင်းဆုံး ဥပမာပါ။ ဂိုးသမားကနေ ကစားကွက်စတယ်၊ ပြိုင်ဘက်ကို Dominate လုပ်တယ်၊ တိုက်စစ်ဆင်တယ်။ ကစားပုံအရကြည့်မယ်ဆိုရင် ပါရီကို ပိုချက်တီနို ရောက်စက အကောင်းဆုံးပုံစံပဲ။ မက်ဆီ၊ ဟာကီမီ၊ ရာမို့စ်တို့ ရောက်လာတဲ့အထိ အဲဒီတုန်းက ကစားပုံကို မမီသေးဘူး။
ပိုချက်တီနိုရဲ့ အတွေးအမြင်၊ ဘောလုံးအယူအဆ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
19 hours ago















