ပရီးမီယားလိဂ်ပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီယားလိဂ်ပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 December 2021

ဘရိုက်တန် - စပါး (တနင်္ဂနွေည ၈း၃၀ နာရီ)

နှစ်သင်းစလုံးက အမှတ်ပေးဇယားအပေါ်ခြမ်းက အသင်းတွေဖြစ်တယ်။ ဘရိုက်တန် က ရာသီအစရလဒ်တွေကြောင့် ဒီနေရာမှာ ရပ်တည်နိုင်တာဖြစ်ပေမဲ့ နောက်ပိုင်းကစား ခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေက ဆက်တိုက်ကျဆင်းလာတယ်။ စပါးကတော့ ကွန်တီနဲ့အတူ ရလဒ်ကောင်းတွေ ပိုင်ဆိုင်လာခဲ့ပြီး အဆင့် (၄)နေရာကိုတောင် မျှော်လင့်လို့ရလာခဲ့တယ်။ ဒီပွဲလည်း ကွန်တီရဲ့စပါးကို ပိုကြိုက်တယ်။ 

ဘန်လေ - ဝက်စ်ဟမ်း (တနင်္ဂနွေည ၈း၃၀ နာရီ)

ဝက်စ်ဟမ်းက နောက်ဆုံး (၅)ပွဲမှာ လီဗာပူးလ်၊ ချယ်လ်ဆီးတို့လိုအသင်းကြီးတွေကို အနိုင်ကစားခဲ့ပြီး တခြားပွဲစဉ်တွေမှာလည်း ရလဒ်မကောင်းပေမဲ့ ခြေစွမ်းပိုင်း အားမနည်း ခဲ့ဘူး။ ဘန်လေက အသင်းကောင်းတစ်သင်းဆိုပေမဲ့ ဒီရာသီမှာ အားနည်းနေတယ်။ ပြီး တော့ ဒီရာသီ အိမ်ကွင်းမှာ နိုင်ပွဲ (၁)ပွဲပဲရထားလို့ ဒုတိယမြောက်နိုင်ပွဲရှာဖို့ ကြိုးစားနေ တဲ့အသင်းပါ။ ဒါပေမဲ့ ဝက်စ်ဟမ်းပဲ ရလဒ်ကောင်းမယ်ထင်တယ်။ 

လက်စတာ - နယူးကာဆယ် (တနင်္ဂနွေည ၈း၃၀ နာရီ)

လက်စတာက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီး ဒီရှုံးပွဲကို အကောင်းဆုံးပြန်တုံ့ပြန်နိုင်ဖို့အတွက် ကြိုးစားမှာပါ။ နယူးကာဆယ်က နိုင်ပွဲတွေနဲ့ အ ကြာကြီးဝေးကွာနေခဲ့ပြီးမှ နောက်ဆုံးကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ နိုင်ပွဲစရခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်သင်းကြားခြေစွမ်းရော၊ လူအင်အားပါ ကွာခြားသလို၊ နယူးကာဆယ်ရဲ့အဝေးကွင်း ရလဒ်ကလည်း အားရစရာမရှိလို့ လက်စတာ ဂိုးပြတ်နိုင်လိမ့်မယ်။ 

ခရစ္စတယ်ပဲလေ့စ် - အဲဗာတန် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

မန်ယူအသင်းနဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပြီးနောက် ဗီယာရာရဲ့ ပဲလေ့စ်က နောက်ဆုံး (၃)ပွဲ ဆက် ရှုံးပွဲတွေ့ခဲ့ခြင်းဖြစ်တယ်။ ဘင်နီတက်ဇ်ရဲ့ အဲဗာတန်ကလည်း ရလဒ်တွေဆက် တိုက်ကျဆင်းနေခဲ့ပြီးမှ နောက်ဆုံးပွဲမှာ အာဆင်နယ်ကို နိုင်ပွဲပြန်ရခဲ့တယ်။ ဒီပွဲက ခြေစွမ်း သိပ်မကွာတဲ့ အသင်းနှစ်သင်းရဲ့ပွဲပါ။ အဲဗာတန်က နည်းနည်းလေး ပိုအင်အားတောင့်ပေမဲ့ ပဲလေ့စ်ကွင်းဖြစ်နေတယ်။ သရေကျဖို့ များတယ်။ 

 

Most Read

Most Recent