အဆိုးဆုံးအခြေအနေနှင့် ကြုံတွေ ့နေရသော်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဦးမည်ဟု အိမ်ရှင်စင်ကာပူအသင်းအား ဂိုးပြတ်ရှုံးနိမ့်အပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေး ပြောကြား

အဆိုးဆုံးအခြေအနေနှင့် ကြုံတွေ ့နေရသော်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဦးမည်ဟု အိမ်ရှင်စင်ကာပူအသင်းအား ဂိုးပြတ်ရှုံးနိမ့်အပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေး ပြောကြား
Photo: AFF
Photo: AFF
Published 6 December 2021

၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲဝင်မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက လက်ရှိကာလတွင် အဆိုးဆုံးအခြေအနေနှင့် ကြုံတွေ ့နေရသော်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဦးမည်ဖြစ်ကြောင်း အိမ်ရှင်စင်ကာပူအသင်းအား ဂိုးပြတ်ရှုံးနိမ့်အပြီးတွင် ပြောကြားခဲ့သည်။

အန်တွမ်နီဟေးက''ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတာ ကျွန်တော်တို့အတွက် အရမ်းကိုခက်ခဲလွန်းပါတယ်။ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေနဲ ့ဝေးကွာနေရခြင်းက ဒီနေ ့ပွဲ (စင်ကာပူ) ရလဒ်ကို ထင်ဟပ်စေပါတယ်။ အခုချိန်မှာ ကျွန်တော်တို ့ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပါတယ်။ နောက်ပွဲ (တီမော) မှာ ကျွန်တော်တို ့ အခုထက်ပိုကောင်းအောင် ကစားပြနိုင်ပါလိမ့်မယ်။ ကျွန်တော်တို ့အသင်းမှာ အားနည်းချက်တွေက အများကြီးပါ။ ကစားသမားအစုံအလင်နဲ ့ လေ့ကျင့်နိုင်မှု အချိန်ကလည်း နည်းပါးပါတယ်။ စင်ကာပူအသင်းက ကျွန်တော်တို ့အသင်းရဲ  ့အားနည်းချက်တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခဲ့တာပါ။ စင်ကာပူအသင်းအတွက်တော့ ကျွန်တော်ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို ့ကြိုးစားနေဦးမှာပါ။ အခုအချိန်က ကျွန်တော်တို ့အသင်းအတွက် အဆိုးဆုံးအခြေအနေနဲ ့ ရင်ဆိုင်ကြုံတွေ့နေရချိန်ပါ။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော် ကြိုးစားသွားမှာပါ'' ဟု စင်ကာပူအသင်း အားရှုံးနိမ့်အပြီး ပြုလုပ်သည့် မီဒီယာတွေ ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် ဒဏ်ရာရရှိထားသူများနှင့် COVID-19 ရောဂါ Positive အဖြေ ထွက်ထားသူတို ့ရှိနေသော်လည်း နည်းပြချုပ်ဖြစ်သူ အန်တွမ်နီဟေးသည် စင်ကာပူအသင်းနှင့်ပွဲ၌ အမာခံကစားသမားများကို ပွဲထွက်အသုံးပြုခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူနှင့်ပွဲတွင် ပွဲထွက်ကစားသမားများအဖြစ် မျိုးမင်းလတ် (ဂိုး)၊ ဒေးဗစ်ဒန်း၊ ငြိမ်းချမ်း၊ ဇော်ရဲထွန်း၊ ဝင်းမိုးကျော်၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ဆွမ်လမန်၊ ဟိန်းထက်အောင်၊ အောင်ကောင်းမာန်တို့ဖြင့် (၄-၁-၄-၁) ပုံစံ အသုံးပြုခဲ့သော်လည်း ပထမပိုင်းမှာပင် ၃ ဂိုးပြတ်ရှုံးနိမ့်နေခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ဒုတိယပိုင်းတွင် လွင်မိုးအောင်၊ ဝင်းနိုင်ထွန်း၊ ဟိန်ဖြိုးဝင်း၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန် ့တို ့ကို လူစားလဲအသုံးပြုခဲ့သော်လည်း ချေပဂိုးတစ်ဂိုးပင် မရရှိခဲ့ဘဲ ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ တူရကီနိုင်ငံ၌ တစ်လကြာနေထိုင် လေ့ကျင့်ခဲ့ပြီး ခရီးစဉ်အတွင်း ခြေစမ်းပွဲ ၄ ပွဲကစားခဲ့ရာတွင် အပျော်တမ်းကလပ်အသင်းနှစ်သင်းကိုသာအနိုင်ရခဲ့ပြီး လက်ရွေးစင်အသင်းများဖြစ်သည့် ဘူရွန်ဒီအသင်းနှင့် အင်ဒိုနီးရှားအသင်းတို ့ကို ရှုံးနိမ့်ထားခဲ့သည်။

Most Read

Most Recent