■ COVID-19 အန္တရာယ်ကြောင့် ဘိုင်ယန်မြူးနစ်-ဘာစီလိုနာ ချန်ပီယံလိဂ်ပွဲကို ကွင်းပိတ်ကစားမည်

■ COVID-19 အန္တရာယ်ကြောင့် ဘိုင်ယန်မြူးနစ်-ဘာစီလိုနာ ချန်ပီယံလိဂ်ပွဲကို ကွင်းပိတ်ကစားမည်
Published 6 December 2021

ဂျာမနီနိုင်ငံတွင် OVID-19 ရောဂါကူးစက်မှု တစ်ကျော့ပြန်မြင့်တက်လာသည့် အန္တရာယ်ကြောင့် ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ၌ OVID-19 ရောဂါ စတုတ္ထလှိုင်း စတင်နေပြီဖြစ်ပြီး အားကစားရုံများတွင် ပရိသတ်ကြည့်ရှုမှုကို ရာခိုင်နှုန်း ၅၀ သာ ခွင့်ပြုရန်နှင့် ပြင်ပအားကစားကွင်းများတွင် အများဆုံး ၁၅၀၀၀ အထိသာ ခွင့်ပြုရန် ကြာသပတေးနေ့တွင် အစိုးရက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဘာဗေးရီးယားပြည်နယ်က ပို၍တင်းကျပ်သည့်အနေဖြင့် ဘောလုံးအပါအဝင် အားကစားပြိုင်ပွဲအားလုံးကို ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပရန် ဆုံးဖြတ်ခဲ့သောကြောင့် ဒီဇင်ဘာ ၈ ရက်တွင် ကစားမည့် ဘိုင်ယန်မြူးနစ်-ဘာစီလိုနာ ချန်ပီယံလိဂ်ပွဲကို ကွင်းပိတ်ကစားရတော့မည်ဖြစ်သည်။

ချန်ပီယံလိဂ် အုပ်စု (E) တွင် ဘိုင်ယန်မြူးနစ်အသင်းက ငါးပွဲစလုံး ရာနှုန်းပြည့်အနိုင်ရကာ အုပ်စုပထမနေရာဖြင့် ၁၆ သင်းအဆင့် တက်ရောက်ထားပြီးဖြစ်သော်လည်း ဘာစီလိုနာအသင်းမှာမူ အဝေးကွင်း၌ အနိုင်ရမှသာ ရှုံးထွက်အဆင့် တက်ခွင့်ရမည်ဖြစ်သည်။

ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ဒီဇင်ဘာ ၁၁ ရက်တွင် မိန့်ဇ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ဝုလ်ဖ်ဘတ်အသင်းတို့နှင့်ကစားမည့် ဘွန်ဒစ်လီဂါ အိမ်ကွင်းပွဲစဉ်များကိုလည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရတော့မည်ဖြစ်သည်။

ဒီဇင်ဘာ ၇ ရက်တွင်ကစားမည့် လိုက်ပ်ဇစ်-မန်စီးတီး ချန်ပီယံလိဂ်ပွဲကိုလည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

 

Most Read

Most Recent