■ နယူးကာဆယ်အသင်း တန်းမဆင်းဟု ကတိမပေးနိုင်ကြောင်း အက်ဒီဟောင်း ပြောကြား

■ နယူးကာဆယ်အသင်း တန်းမဆင်းဟု ကတိမပေးနိုင်ကြောင်း အက်ဒီဟောင်း ပြောကြား
Photos : Newcastle United Twitter
Photos : Newcastle United Twitter
Published 11 November 2021

နယူးကာဆယ်နည်းပြသစ် အက်ဒီဟောင်းက မိမိအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ နယူးကာဆယ်အသင်း တန်းမဆင်းဟု ကတိမပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ 

နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အပြီးတွင် နိုင်ပွဲလုံးဝမရရှိသေးဘဲ (၅)ပွဲသရေ၊ (၆)ရှုံးရလဒ် ထွက်ပေါ်ထားပြီး ရမှတ် (၅)မှတ်ဖြင့် အဆင့် (၁၉)နေရာတွင် ရပ်တည်နေသည်။ 

ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက် နည်းပြ စတိဗ်ဘရုစ်ကို ရာထူးမှထုတ်ပယ်ကာ ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းကို ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိ စာ ချုပ်တစ်ရပ်ဖြင့် နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

နယူးကာဆယ်အသင်းသည် နည်းပြသစ် အက်ဒီဟောင်းကို ဗုဒ္ဓဟူးနေ့က မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် အက်ဒီဟောင်းက ''နယူးကာဆယ်အသင်း ပရီးမီးယားလိဂ်မှာ ရှင်သန်နိုင်မယ်လို့ ကျွန်တော် အကြွင်းမဲ့ယုံကြည်ပါတယ်။ ဒါပေမဲ့ တန်းမဆင်းနိုင်ဘူးလို့ ကတိပေးတော့ မပေးနိုင်ပါဘူး။ ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပါ''ဟု ဆိုခဲ့သည်။ 

နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ်ခေတ်၌ ၂၀၀၈-၀၉ နှင့် ၂၀၁၅-၁၆ ရာသီတွင် တန်းဆင်းခဲ့ဖူးကြောင်း သိရသည်။ 

နယူးကာဆယ်အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော Public Investment Fund(PIF) မှ ငွေကြေးများပါဝင်သည့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent