ယခုရာသီတွင် ဥရောပပြိုင်ပွဲများကို မကြည့်ဖြစ်ဟု အာတီတာ ဝန်ခံ

ယခုရာသီတွင် ဥရောပပြိုင်ပွဲများကို မကြည့်ဖြစ်ဟု အာတီတာ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 8 November 2021

အာဆင်နယ်အသင်း၏ နည်းပြ အာတီတာက ယခုရာသီတွင် ဥရောပပြိုင်ပွဲများကို မကြည့်ဖြစ်ဟု ဝန်ခံပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုရာသီတွင် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရရှိခြင်းကြောင့် အာတီတာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အာတီတာက ''အမြဲတမ်း ဥရောပပွဲစဉ်တွေ ယှဉ်ပြိုင်ခဲ့ရပြီး အခုလို ဖြစ်ခဲ့ရတဲ့အတွက် ကျွန်တော် မပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် ဥရောပပွဲတွေကို အခုထိ မကြည့်ဖြစ်သေးပါဘူး။ ဒါပေမဲ့ ဒီအခြေအနေကနေ အကျိုးအမြတ်ရရှိအောင် လုပ်ဆောင်နိုင်ဖို့ ကျွန်တော်  မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent