ပွဲတိုင်းကစားပြီး မောပန်းနေသည့် မက်ဆီကိုအားကိုးနေရကြောင်း အာဂျင်တီးနားနည်းပြ စကာလိုနီ ဝန်ခံ

ပွဲတိုင်းကစားပြီး မောပန်းနေသည့် မက်ဆီကိုအားကိုးနေရကြောင်း အာဂျင်တီးနားနည်းပြ စကာလိုနီ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 26 June 2021

 

အာဂျင်တီးနားနည်းပြ စကာလိုနီက အသင်းအနေဖြင့် ပွဲတိုင်းကစားပြီး မောပန်းနွမ်းနယ်နေသည့် မက်ဆီကို အားကိုး နေရကြောင်း ဝန်ခံခဲ့သည်။ 

အာဂျင်တီးနားအသင်းသည် ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲ အုပ်စု(A) ပွဲတွင် (၃)ပွဲကစားထားပြီး အဆိုပါ (၃)ပွဲစလုံးတွင် မက်ဆီသည် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ ရသည်။ 

ထို့ကြောင့် စကာလိုနီက "အမှန်တကယ်တမ်းပြော ရရင် မက်ဆီဟာ ပွဲတိုင်း ပွဲချိန်ပြည့်ပါဝင်ကစားနေရပါတယ်။ ကျွန်တော့်တို့အနေနဲ့ သူ့ကို အားမကိုးလို့လည်း မရပါဘူး။ မက်ဆီက မောပန်းနွမ်းနယ်နေပေမဲ့ ပွဲအဖြေကို ပြောင်းလဲနိုင် စွမ်းရှိနေတုန်းပါပဲ"ဟု ဆိုခဲ့သည်။ 

အာဂျင်တီးနားအသင်းသည် အုပ်စုပွဲစဉ် (A) တွင် ပွဲစဉ် (၃)ပွဲကစားပြီးချိန်$ (၂)ပွဲနိုင်၊ (၁) ပွဲသရေ၊ ရမှတ်(၇) မှတ်ရရှိထားပြီး ကွာတားဖိုင်နယ်သို့ တက် ရောက်ရန် သေချာသွားခဲ့ပြီဖြစ်သည်။ 

Most Read

Most Recent