ဒိန်းမတ်အသင်းက ကမ္ဘာ့ဖလားထက် ယူရိုပြိုင်ပွဲတွင် ပိုအောင်မြင်ခဲ့သည်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် (၅) ကြိမ်သာ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ယူရိုပြိုင်ပွဲတွင်မူ ယခုအကြိမ်အပါအဝင် (၉)ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကာ အသင်း၏ဖြစ်တည်မှုတွင် အမြင်ဆုံးအောင်မြင်မှုအဖြစ် ယူရို-၉၂ ပြိုင်ပွဲတွင် ချန်ပီယံဆု ရယူနိုင်ခဲ့သည်။ ပြည်တွင်းစစ်ဖြစ်ပွားနေမှုကြောင့် ယူဂိုဆလားဗီးယားအသင်းကို UEFA က ပြိုင်ပွဲမစတင်မီ (၁၀)ရက်အလိုတွင် ပြိုင်ပွဲမှထုတ်ပယ်ပြီး ယင်းခြေစစ်ပွဲအုပ်စု အဆင့်တွင် ဒုတိယနေရာရခဲ့သည့် ဒိန်းမတ်အသင်းနှင့် အစားထိုးခဲ့သည်။ ကြိုတင်ပြင်ဆင်မှု မည်မည်ရရမရှိခဲ့သည့် ဒိန်းမတ်အသင်းက ဘောလုံးသမိုင်း၌ အံ့အားသင့်စရာ အကောင်းဆုံးအဖြစ် ဖျက်မြင်းအသင်းတစ်သင်းအနေနှင့် ချန်ပီယံဆုရယူသွားနိုင်ခဲ့မှုမှာ ပြောစမှတ်တွင်စေခဲ့သည်။
ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများမိတ်ဆက် - (၆)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
1 hour ago















