အာဆင်နယ်အသင်းကို ဝယ်ယူရန် အချိန်စောင့်ရလိမ့်မည်ဟု အွန်နရီ သုံးသပ်

အာဆင်နယ်အသင်းကို ဝယ်ယူရန် အချိန်စောင့်ရလိမ့်မည်ဟု အွန်နရီ သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 5 May 2021

 

အာဆင်နယ်အသင်း၏ တိုက်စစ်မှူးဟောင်း အွန်နရီက ဆွီဒင်လူမျိုး ဘီလျံနာ ဒန်နီယဲလ်အက်ခ်၏ အာဆင်နယ် အသင်းကို ဝယ်ယူရန် ကြိုးပမ်းမှုမှာ အချိန်စောင့်ရလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။ 

အွန်နရီသည် အာဆင်နယ်ကစားသမားဟောင်းများဖြစ်သည့် ဗီယာရီ၊ ဘားကင့်တို့နှင့်အတူ ဒန်နီယဲလ်အက်ခ်ကို ဝန်းရံပေးခဲ့သော်လည်း လက်ရှိအာဆင်နယ်အသင်းပိုင်ရှင် ကရွန်ကီက ရောင်းချမည်မဟုတ်ဟု တုံ့ပြန်ခဲ့သည်။ 

သို့သော် အွန်နရီက "အာဆင်နယ်အသင်းရဲ့ အရောင်းအဝယ်ဖြစ်မြောက်ဖို့က အချိန်အကြာကြီးစောင့်ရနိုင်သလို၊ လွယ်ကူဖို့လည်း မရှိပါဘူး။ ဒါပေမဲ့ ဒန်နီယဲလ်အနေ နဲ့ လက်လျှော့မသွားစေချင်ပါဘူး။ ပရိသတ်တွေရဲ့ ဖိအားပေးမှုရှိနေတာကြောင့် သူတို့ ရောင်းထုတ်ချင်လာမယ့်အချိန်ကို စောင့်နေရပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent