ယနေ့ကစားမည့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 20 April 2021

အေစီမီလန် - ဆာဆူအိုလို (မြန်မာစံတော်ချိန် ဧပြီလ ၂၁ ရက် ည ၁၁:၀၀ နာရီ)

ပါးမားနဲ့ပွဲမှာ ကွင်းလယ်ဒိုင်က နားလည်မှုလွဲပြီး အီဘရာဟီမိုဗစ်ကို ထုတ်ပယ်ခဲ့လို့ အေစီမီလန် နစ်နာခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံချိန်မျိုးမှာ အီဘရာဟီမိုဗစ် မပါနိုင်ဘူးဆိုရင် အေစီမီလန်အတွက် ထိုးနှက်ချက်ဖြစ်သွားလိမ့်မယ်။ ဆာဆူအိုလိုက အစဉ်အလာအရ အေစီမီလန်ကို ဒုက္ခပေးနိုင်သလို လက်ရှိခြေစွမ်းအရလည်း အခက်တွေ့အောင် လုပ်နိုင်ပါတယ်။ အေစီမီလန် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

ဂျီနိုအာ - ဘင်နီဗန်တို (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၁၅ နာရီ)

နှစ်သင်းစလုံး တန်းဆင်းဇုန်အန္တရာယ် ရှိနေပါသေးတယ်။  ရမှတ်ချင်းလည်း သိပ်မကွာလို့ အကြိတ်အနယ်ပွဲစဉ်အဖြစ် မြင်တွေ့ရပါလိမ့်မယ်။  အိမ်ကွင်းမှာ ရလဒ်တွေတည်ငြိမ်နေတဲ့ ဂျီနိုအာ အမှတ်ရပါလိမ့်မယ်။ 

အူဒီးနီးစ် - ကာဂလီယာရီ (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၁၅ နာရီ)

အရေးကြီးချိန်ရောက်မှ ကာဂလီယာရီက ရလဒ်တွေဆိုးနေပြီး တန်းဆင်းဇုန်ကနေ အသည်းအသန်ရုန်းထွက်ရမယ့် အခြေအနေဖြစ်သွားတယ်။ အူဒီးနီးစ်ကလည်း အထောင်တိုက်စစ်မှူးကောင်းကောင်းမရှိတဲ့ပြဿနာကို တစ်ရာသီလုံး ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်မှာ ရလဒ်တွေ ယိမ်းယိုင်နေတယ်။ စုဖွဲ့မှုချင်းနှိုင်းယှဉ်ရင် ကာဂလီယာရီက တိုက်စစ်မှာ ကစားသမားကောင်းတွေ ပိုများလို့ အမှတ်ရပါလိမ့်မယ်။

စပီဇီယာ - အင်တာမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၁၅ နာရီ)

ချန်ပီယံဆုနဲ့ တဖြည်းဖြည်းနီးကပ်လာချိန်မှာ အင်တာမီလန်အတွက် မမြင်ရတဲ့စိန်ခေါ်မှုတွေ ပိုပြီးကြုံတွေ့လာရတယ်။ အင်တာမီလန်က အဆင့်တူအသင်းတွေနဲ့ စီးချင်းထိုးပွဲတွေမှာ ယုံကြည်စိတ်မြင့်မားသလောက် အမှတ်ပေးဇယားအောက်နားကအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မထင်မှတ်ဘဲ ရုန်းကန်ရလေ့ရှိတယ်။ စပီဇီယာက ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက် တိုးတက်လာတဲ့အသင်းပါ။ ဒီပွဲလည်း (၂)ဂိုးပြတ်မရှုံးအောင် ကစားလိမ့်မယ်။

ဂျူဗင်တပ်စ် - ပါးမား (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၁၅ နာရီ)

ပါးမားက တန်းဆင်းရမယ့် ကံကြမ္မာဆိုးကို ရှောင်လွှဲရခက်တော့မယ်ထင်တယ်။ ဒဏ်ရာပြဿနာရင်ဆိုင်ရပြီးနောက် ဂျာဗင်ဟိုရဲ့ ခြေစွမ်းယိမ်းယိုင်သွားသလို၊ ပယ်လေ၊ ကော်နယ်လီယပ်စ်တို့ကလည်း ပါးမားကို မကယ်တင်နိုင်သေးဘူး။ ဂျူဗင်တပ်စ်က ဒီဘား လားနဲ့ အဆင်မပြေဖြစ်ပြီးနောက် စီရော်နယ်လ်ဒိုနဲ့လည်း ဆက်ဆံရေးဆိုးရွားနေတယ်။  ဒါပေမဲ့ ဒီလိုပွဲမျိုးကို မဖြစ်မနေအနိုင်ယူပါလိမ့်မယ်။ (၂)ဂိုးပြတ်နိုင်ပွဲရပါလိမ့်မယ်။

ခရိုတိုနီ - ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၁၅ နာရီ)

တန်းဆင်းရဖို့ နီးစပ်နေပေမဲ့ ခရိုတိုနီက တတ်စွမ်းသမျှ ကစားပြနေတုန်းပဲ။ အိမ်ကွင်းမှာ ပိုပြီးကြိုးစားကစားတတ်သလို ဂိုးတွေလည်း ပိုရတတ်လို့ ဆမ်ဒိုးရီးယား သတိထားရပါမယ်။ လက်ရှိဆမ်ဒိုးရီးယားရဲ့ ခြေစွမ်းကလည်း အကျဘက်ရောက်နေလို့ ခရိုတိုနီ အမှတ်ရမယ်ထင်တယ်။ သွင်းဂိုးများနိုင်တယ်။

ဘိုလော့ဂ်နာ - တိုရီနို (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၁၅ နာရီ)

သချာင်္နည်းအရ ဘိုလော့ဂ်နာအတွက် တန်းဆင်းဇုန်အန္တရာယ်ရှိနေပါသေးတယ်။ မတည်ငြိမ်တဲ့ရလဒ်တွေကနေ အမြန်ဆုံးရုန်းထွက်နိုင်အောင်လည်း ဘိုလော့ဂ်နာ ကြိုးပမ်းရပါမယ်။ တိုရီနိုက တန်းမဆင်းရအောင် ဆက်တိုက်ရုန်းကန်နေပြီး ခြေစွမ်းပိုင်းတိုးတက်လာတာတွေ့ရတယ်။ ဘယ်လော့တီကလည်း ဂိုးပေါက်ပြန်တွေ့လာလို့ ဂိုးရဖို့ခက်နေတဲ့ ဘိုလော့ဂ်နာထက် ပိုပြီးယုံကြည်သင့်ပါတယ်။ တိုရီနို အမှတ်ရသင့်ပါတယ်။ 

Most Read

Most Recent