ဂျူဗင်တပ်စ်အသင်း၏ခြေစွမ်းအပေါ် ပီယာလို အပြစ်မမြင်

ဂျူဗင်တပ်စ်အသင်း၏ခြေစွမ်းအပေါ် ပီယာလို အပြစ်မမြင်
Photo: Getty Images
Photo: Getty Images
Published 20 April 2021

အတ္တလန်တာအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိလာသော်လည်း ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက ကစားသမားများ၏ စွမ်းဆောင်ရည်အပေါ် အပြစ်မတင်ခဲ့ဘဲ စိတ်ကျေနပ်မိသည်ဟု ဆိုခဲ့သည်။ 

အသင်း၏အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒို မပါဝင်နိုင်သည့်ပွဲတွင် ဂျူဗင်တပ်စ်အသင်း ရှုံးပွဲတွေ့ခဲ့ပြီး အဆင့်(၅)နေရာမှ နာပိုလီအသင်းနှင့် ရမှတ် (၂)မှတ်သာ ကွာဟတော့သည်။ 

အတ္တလန်တာနှင့်ပွဲမှ အသင်း၏စွမ်းဆောင်ရည်ကို ပီယာလိုက ချီးကျူးခဲ့ပြီး စီရော်နယ်လ်ဒို မပါဝင်နိုင်ခြင်းကြောင့် ရှုံးပွဲတွေ့ခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ချန်ပီယံလိဂ်တွင်လည်း (၁၆)သင်းအဆင့်မှ ထွက်ခွာထားရသဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရပါက နည်းပြပီယာလိုကို ရာထူးမှ ထုတ်ပယ်ဖွယ်ရှိနေသည်။

ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ် (၃၁)အပြီးတွင် ရမှတ် (၆၂)မှတ်ဖြင့် အဆင့်(၄)နေရာ၌ ရပ်တည်နေပြီး အဆင့်(၁)နေရာမှ အင်တာမီလန်အသင်း(၇၅ မှတ်)နှင့် (၁၃)မှတ်အထိ ကွာဟနေသည်။ 

Most Read

Most Recent