BMW နှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ကြောင်း အေစီမီလန်အသင်း ထုတ်ပြန်

BMW နှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ကြောင်း အေစီမီလန်အသင်း ထုတ်ပြန်
Photo: AC Milan
Photo: AC Milan
Published 1 April 2021

အေစီမီလန်အသင်းသည် ကမ္ဘာကျော် ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီ BMW နှင့် နှစ်ရှည်စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း မတ်လ (၃၁)ရက်တွင် ထုတ်ပြန်ခဲ့သည်။

အေစီမီလန်အသင်း၏ ထုတ်ပြန်ချက်တွင် ''အေစီမီလန်နှင့် BMW တို့သည် နှစ်များစွာ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ BMW သည် အေစီမီလန်အသင်းနှင့် လက်တွဲပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ဒီဇိုင်းသစ်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ BMW နှင့်လက်တွဲခွင့်ရသည့်အတွက် အလွန်ဝမ်းသာကြောင်း'' ပါရှိသည်။

အေစီမီလန်အသင်းအနေဖြင့် BMW နှင့် ချုပ်ဆိုသည့် စာချုပ်တန်ကြေးနှင့် သက်တမ်းကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

Most Read

Most Recent