ဥက္ကဋ္ဌဟောင်း ဘာတိုမူ ထိန်းသိမ်းခံရမှုဖြစ်စဉ်ကို ဥက္ကဋ္ဌလောင်းများဖြစ်သည့် ဗစ်တာဖွန်နှင့် တိုနီဖရက်ရှာ မှတ်ချက်ပြု

ဥက္ကဋ္ဌဟောင်း ဘာတိုမူ ထိန်းသိမ်းခံရမှုဖြစ်စဉ်ကို ဥက္ကဋ္ဌလောင်းများဖြစ်သည့် ဗစ်တာဖွန်နှင့် တိုနီဖရက်ရှာ မှတ်ချက်ပြု
Photo: AFP
Photo: AFP
Published 3 March 2021

 

မတ်လ ၁ ရက်က အသင်းဥက္ကဋ္ဌဟောင်း ဖြစ်သူ ဘာတိုမူ ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ဆက်စပ်ပြီး ဘာစီလိုနာအသင်းရုံးချုပ်မှာလည်း ရဲတပ်ဖွဲ့၏စီးနင်းရှာဖွေခံရသည့် ဖြစ်စဉ်အပေါ် အသင်းဥက္ကဋ္ဌလောင်းများဖြစ်သည့် ဗစ်တာဖွန်နှင့် တိုနီဖရက်ရှာတို့ကအသီးသီး မှတ်ချက်စကားပြောကြားခဲ့သည်။

ဗစ်တာဖွန်က Twitter စာမျက်နှာတွင်  လူအများအပြားက ဘာစီလိုနာအသင်းကို နာကျင်စေလိုကြပြီး မိမိတို့အနေဖြင့် ခွင့်ပြု သွားမည်မဟုတ်ကြောင်းနှင့် ယခုအနေအ ထားမှာ တစ်ဦးတစ်ယောက်တည်းလျှောက်လှမ်းရမည့်အခြေအနေမဟုတ်ဟု ရေးသားခဲ့သည်။ အခြားဥက္ကဋ္ဌလောင်းတစ်ဦးဖြစ်သူ တိုနီဖရက်ရှာက "အကျိုးအကြောင်း ဆက်စပ်စဉ်းစားရင်တော့ ဘာစီလိုနာအတွက် အ လွန်ဝမ်းနည်းစရာကောင်းတဲ့နေ့ပါ။ ဘာဖြစ် လို့လဲဆိုတော့ ကလပ်အသင်းရဲ့ဂုဏ်သတင်း ကို ထိခိုက်မှုရှိစေနိုင်ပါတယ်။ လက်ရှိ စာ မျက်နှာကို ကျွန်တော်တို့ ပြောင်းလဲရမှာ ဖြစ်ပြီး အနာဂတ်မှာ ကောင်းမွန်တဲ့ စိတ်ကူး စိတ်သန်းတွေ၊ နည်းလမ်းသစ်တွေနဲ့ ဘာစီ လိုနာအသင်းကို တည်ဆောက်သွားနိုင်ဖို့ စ တင်ရမှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။  

ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဘာတိုမူသည် အသင်းပိုင်ငွေကြေးများကို အသုံးပြုကာ သူ၏ပုံရိပ်မြင့်တက်ရန်နှင့် ပြိုင် ဘက်များအား သိက္ခာချရန်အတွက် လော်ဘီ ကုမ္ပဏီများကို ငှားရမ်းအသုံးပြုခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ယင်းသတင်း များထွက်ပေါ်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ် သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် မည်သည့်လှုပ် ရှားမှုကိုမျှ မလုပ်ခဲ့ဘဲ (သို့မဟုတ်) တိုးတိုး တိတ် တိတ်သာ ဆောင်ရွက်နေခဲ့ပြီး ယခုမှ ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။ 

ဘာတိုမှုကမူ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့ချိန်တွင် အသင်း၏ အနာဂတ်အတွက် ဆောင်ရွက်ခဲ့ရာ၌ အမှား အယွင်းအချို့ရှိခဲ့သော်လည်း ၎င်းအနေဖြင့် ယင်းကိစ္စတွင် ပါဝင်ပတ်သက်မှု မရှိ ကြောင်း ငြင်းဆိုခဲ့သည်။ သို့ရာတွင် ဘာစီလိုနာအသင်း ပရိသတ် တော်တော်များများသည် ယင်းကဲ့သို့ လုပ်ရပ်များကို ဘာတိုမူ ကျူးလွန်ခဲ့သည် မှာ သေချာသည်ဟု ယုံကြည်နေကြပြီး ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများ၏အမည် ကိုလည်း စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ ကြသည်။

ကတ်တလန်ပြည်နယ် ရဲတပ်ဖွဲ့သည် အခွန်ရှောင်မှုနှင့် လုပ်ပိုင်ခွင့် အာဏာအလွဲ သုံးစားမှုများကို အရေးယူရာတွင် နာမည် ကြီးပြီး မည်သူ့ကိုမျှ အလွတ်ပေးလေ့မရှိဟု နာမည်ကောင်းရကာ ယခုစီးနင်းမှုမှ ရရှိသည့်အထောက်အထားများမှာမူ ထွက်ပေါ်လာခြင်းမရှိသေးချေ။ ဘာစီလိုနာအသင်းသည် အသင်းအနာဂတ်အတွက် အလွန်အ ရေးပါသည့် ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို မတ်လ ၇ ရက်တွင် ကျင်းပရန်စီစဉ်ထားပြီး ဗစ်တာဖွန်နှင့် တိုနီဖရက်ရှာအပြင် လာပေါ် တာလည်း ရွေးချယ်ခံမည်ဖြစ်သည်။

Most Read

Most Recent