ဆိုစီဒက်နှင့်ပွဲတွင် နည်းဗျူဟာပိုင်းအပြောင်းအလဲက သက်ရောက်မှုရှိခဲ့သည်ဟု ရီးယဲလ်အသင်းနည်းပြ ဇီဒန်း ပြောကြား

ဆိုစီဒက်နှင့်ပွဲတွင် နည်းဗျူဟာပိုင်းအပြောင်းအလဲက သက်ရောက်မှုရှိခဲ့သည်ဟု ရီးယဲလ်အသင်းနည်းပြ ဇီဒန်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 3 March 2021

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက မတ်လ (၁)ရက်တွင် ကစားခဲ့သော လာလီဂါပွဲစဉ်ဖြစ်သည့် ဆိုစီဒက်နှင့် တစ်ဂိုးစီသရေ ကျသောပွဲအပြီး၌ အသင်း၏နည်းဗျူဟာပိုင်း အပြောင်းအလဲမှာ ၎င်းမျှော်လင့်ထားသကဲ့သို့ အောင်မြင်မှုမရရှိခဲ့ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    

ရီးယဲလ်အသင်းသည် အသင်းကစား ကွက်ကို ၄-၃-၃ ပုံစံဖြင့် ပွဲထုတ်သော်လည်း ပထမပိုင်းပွဲအစ၌ ခံစစ်သုံးယောက်တန်း(Three Backs) ကစားခဲ့ပြီး ရလဒ်အနေဖြင့် ဧည့်သည်  ဆိုစီဒက်ဘက်သို့ ဦးဆောင်ဂိုးပေးခဲ့ရခြင်းဖြစ်သည်။ 

"ကျွန်တော် ဒါ(နည်းဗျူဟာ ပိုင်း)ကို ပြောင်းလဲခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသင်းရဲ့ Pressing ကို သိပ်မကြိုက်လို့ပါ။ ဒီအခိုက်အတန့်က ၁၀-၁၅ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့ပါတယ်။ ပြီးတော့ ဒီအနေအထားကို ကျွန်တော် တစ်ဖန်ပြောင်းလဲခဲ့ပါ တယ်။ ၄-၃-၃ ပုံစံနဲ့ကစားတာမှာ ပိုကောင်းလာခဲ့တယ်။ ကျွန်တော်တို့ရဲ့လူစားဝင်ကစားသမားတွေကလည်း ကွင်းအတွင်းဝင်လာချိန်မှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်"ဟု ဇီဒန်းက ပြောကြားခဲ့သည်။ 

ထို့ပြင် ၎င်းင်းက  မတ်လ (၇)ရက်တွင် အက်သလက်တီကိုနှင့်ကစားမည့် မက်ဒရစ်ဒါဘီပွဲ၌ ယခုကစားသည့်ပုံစံအတိုင်း မပြောင်းလဲဘဲ ရင်ဆိုင်သွားမည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ 

ဆိုစီဒက်နှင့်ပွဲတွင် ပေါ်တူ(၅၅ မိနစ်)သွင်းယူသည့်ဂိုး ကြောင့် ရီးယဲလ်အသင်း နောက်မှလိုက်ကစားခဲ့ရသော်လည်း ဗင်နီစီယပ်စ်က (၈၉) မိနစ်တွင် ချေပဂိုးသွင်းယူခဲ့သည်။

 

Most Read

Most Recent