လိုက်ပ်ဇစ်အသင်း၏နာမည်ကျော်လူငယ်နည်းပြ နာဂယ်စ်မန်းသည် ယခုရာသီကုန်တွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့နည်းပြ ဖွယ်ရှိနေပြီး ဖြစ်နိုင်ခြေအရှိဆုံးမှာ လန်ဒန်ထိပ်သီးကလပ် စပါးအသင်းဖြစ်ကြောင်း ဗြိတိန်သတင်းစာ Telegraph က ဖော်ပြခဲ့သည်။
စပါးအသင်းသည် လက်ရှိနည်းပြဖြစ်သူ မော်ရင်ဟိုနှင့် လမ်းခွဲတော့မည်ဟု သတင်းများ ထွက်နေသောကြောင့် နာဂယ်စ်မန်း ၏အပြောင်းအရွှေ့မှာ ပိုမိုလှုပ်ခတ်လာခြင်း ဖြစ်သည်။ ဗြိတိန်လောင်းကစားကုမ္ပဏီ Paddy Power မှထုတ်ပြန်သည့်အလေးပေး ချက်တွင် စပါးအသင်းနည်းပြ မော်ရင်ဟို သည် ပရီးမီးယားလိဂ်တွင် အသင်းနှင့်လမ်း ခွဲရမည့်နည်းပြရေပန်းစားမှုတွင် ထိပ်ဆုံးသို့ ရောက်လာခဲ့ကြောင်း သိရသည်။
စပါးအ သင်းသည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လန်ဒန်ဒါဘီပြိုင်ဘက် ဝက်စ်ဟမ်း အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်နောက်ဆုံးခြောက်ပွဲ၌ နိုင်ပွဲတစ်ပွဲသာ ရရှိပြီး ငါးပွဲအထိ ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် FA ဖလားပြိုင်ပွဲတွင်လည်း အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် နည်းပြ မော်ရင်ဟို ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟူသည့် ထင်ကြေးပေးမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
မော်ရင်ဟိုသည် မူလက နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်၊ ခရစ္စတယ်ပဲလေ့စ် နည်းပြ ရွိုင်းဟော့ဒ်ဆန်တို့နှင့်အတူ ထုတ် ပယ်ခံရမည့်နည်းပြ ရေပန်းစားမှု၌ ရး၂ လေးဖြင့်သာ ရပ်တည်နေခဲ့ရာမှ ယခုအခါ ၂၃း၁၀ လေးအထိ မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်တွင်မူ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် ရာထူးမှ ထုတ်ပယ်ခံရရန် အလားအလာအများဆုံး နည်းပြအဖြစ် ရပ်တည်ခဲ့သည်။
စပါးအသင်း နှင့် နီးစပ်သူများကမူ စပါးအသင်းဥက္ကဋ္ဌ လီဗီသည် မော်ရင်ဟိုကို ရာထူးမှ အလျင်စလို ထုတ်ပယ်ဖွယ်မရှိဘဲ ရာသီကုန်အထိ အချိန်ပေးသွားဖွယ်ရှိကြောင်း သုံးသပ်ပြော ကြားခဲ့သည်။ မော်ရင်ဟိုသည် ၂၀၁၉ နိုဝင် ဘာလ ၁၉ ရက်က စပါးအသင်းနည်းပြအ ဖြစ် ခန့်အပ်ခံခဲ့ရပြီး လေးနှစ်စာချုပ် ချုပ်ဆိုထားသူဖြစ်ကြောင်း သိရသည်။















