နှစ်တစ်နှစ်အစတွင် ပရီးမီးယားလိဂ် (၁၀) ပွဲဆက်အနိုင်ရသည့် ပထမဆုံးကလပ်အဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်

နှစ်တစ်နှစ်အစတွင် ပရီးမီးယားလိဂ် (၁၀) ပွဲဆက်အနိုင်ရသည့် ပထမဆုံးကလပ်အဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်
Photo: Getty Images
Photo: Getty Images
Published 19 February 2021

မန်စီးတီးအသင်းသည် ဗုဒ္ဓဟူးနေ့က အဲဗာတန်အသင်းနှင့်ကစားသည့်ပွဲတွင် နိုင်ပွဲ ရရှိပြီးနောက် နှစ်တစ်နှစ်အစတွင် ပရီးမီးယား လိဂ် ၁၀ ပွဲဆက်တိုက် အနိုင်ရသည့် ပထမဆုံး ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရ သည်။

    

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၆)မှ ပွဲကျန်အဖြစ် အဲဗာတန်အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ (၁-၃) ဂိုး ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်း တွင် ခြေစွမ်းပြကစားနေသည့် ကွင်းလယ်လူ ဂွန်ဒိုဂန် မပါဝင်နိုင်သော်လည်း ဖိုဒန် (၃၂ မိနစ်)၊ မာရက်ဇ် (၆၃ မိနစ်)၊ ဘာနာဒိုဆေးလ်ဗား (၇၇ မိနစ်) တို့၏သွင်းဂိုးများဖြင့် အနိုင်ရ ခဲ့ပြီး အဲဗာတန်အတွက် ချေပဂိုးတစ်ဂိုးကို ရစ်ချာလီဆန် (၃၇ မိနစ်) က သွင်းယူပေးခဲ့သည်။

မန်စီးတီးအသင်းသည် ဒီဇင်ဘာ ဒုတိယ ပတ်မှစ၍ ပြိုင်ပွဲစုံ (၁၇) ပွဲဆက် အနိုင်ရထားသလို နှစ်တစ်နှစ်အစတွင် ပရီးမီးယားလိဂ် (၁၀) ပွဲဆက်တိုက် အနိုင်ရသည့် ပထမဆုံး ကလပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ယင်းပွဲအနိုင် ရလဒ်ကြောင့် ပွဲစဉ် (၂၄)အပြီးတွင် (၅၆)မှတ် ရရှိထားပြီး အမှတ်ပေးဇယား ဒုတိယနှင့် တတိယနေရာမှ မန်ယူနှင့် လက်စတာအသင်းတို့ကို ပွဲအရေအတွက်တူဖြင့် (၁၀)မှတ် ဖြတ်ထားနိုင်ပြီဖြစ်သည်။

    

တံကောက်ကြောဒဏ်ရာကြောင့် ဇန် နဝါရီလကတည်းက အနားယူနေရသည့် ကွင်းလယ်လူ ဒီဘရိုင်းနားမှာ အဲဗာတန်နှင့် ပွဲ၌ ပွဲပြီးခါနီး မိနစ် (၈၀) တွင် လူစားလဲအဖြစ် ဝင်ရောက်ကစားနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent