ဂျူဗင်တပ်စ်အသင်း၏ ၂၀၂၀-၂၁ ရာသီအား Amazon က All or Nothing အားကစားမှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးမည်

ဂျူဗင်တပ်စ်အသင်း၏ ၂၀၂၀-၂၁ ရာသီအား Amazon က All or Nothing အားကစားမှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးမည်
Photo: Juventus
Photo: Juventus
Published 18 February 2021

ဂျူဗင်တပ်စ်အသင်း၏ ၂၀၂၀- ၂၁ ရာသီအား Amazon ကုမ္ပဏီက All or Nothing အားကစားမှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း Gazetta dello Sport သတင်းစာက ဖော်ပြခဲ့သည်။

Amazon ၏ All or Nothing သည် အားကစားရုပ်သံစီးရီးအစီအစဉ်ဖြစ်ပြီး ၎င်းပင် ပိုင်ဆိုင်သည့် အင်တာနက်အခပေးရုပ်သံ Prime Video မှတစ်ဆင့် ထုတ်လွှင့်သည်။

ဘောလုံးလောကမှ မန်စီးတီးအသင်း (၂၀၁၈)၊ စပါး(၂၀၂၀)၊ ဘရာဇီးလ်လက်ရွေးစင်အသင်း(၂၀၂၀)တို့သည် All or Nothing စီးရီးအဖြစ် ရိုက်ကူးခဲ့ပြီးဖြစ်သည်။

ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းသည်လည်း All or Nothing စီးရီးရိုက်ကူးနေပြီး ၂၀၂၁ ဆောင်းရာသီတွင် စတင်ထုတ်လွှင့်ရန် စီစဉ်ထားသည်။

ယခုအခါ ဂျူဗင်တပ်စ်အသင်းသည်လည်း အဆိုပါစီးရီးရိုက်ကူးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

ဂျူဗင်တပ်စ်အသင်းသည် ၂၀၁၇-၁၈ ရာသီကလည်း Netflix နှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့ပြီး First Team အမည်ဖြင့် ထုတ်လွှင့်ခဲ့သည်။

All or Nothing စီးရီးသည်  လေ့ကျင့်ရေးကွင်း၊ အဝတ်လဲခန်းများအပြင် Behind the Scenes မြင်ကွင်းများအထိ ရိုက်ကူးသည့် အစီအစဉ်ဖြစ်သည်။

ပီယာလို နည်းပြအဖြစ်  ဆောင်ရွက်သည့် ပထမဆုံးရာသီတွင် အကူးအပြောင်းဖြစ်စဉ်များအားလုံးကို ရိုက်ကူးရန် ရည်ရွယ်ထားကြောင်း သိရသည်။

Most Read

Most Recent