အင်္ဂလန်အသင်းတွင် ပြန်လည်ရွေးချယ်ခံရရန် ပစ်မှတ်ထားနေကြောင်း မတ်ဒီဆန် ပြောကြား

အင်္ဂလန်အသင်းတွင် ပြန်လည်ရွေးချယ်ခံရရန် ပစ်မှတ်ထားနေကြောင်း မတ်ဒီဆန် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 13 February 2021

လက်စတာကွင်းလယ်လူ မတ်ဒီဆန်က မိမိအနေဖြင့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပြန်လည်ရွေးချယ်ခံရရန် ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။

အသက် (၂၄)နှစ်အရွယ်ရှိ မတ်ဒီဆန်သည် ၂၀၁၉ နိုဝင်ဘာ(၁၄)ရက်က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲ အင်္ဂလန် (၇-၀) မွန်တီနီဂရိုးပွဲတွင် အင်္ဂလန်အသင်းအတွက် တစ်ကြိမ်သာ ကစားခွင့်ရခဲ့သည်။

ယင်းနောက်တွင် မတ်ဒီဆန်သည် အင်္ဂလန်အသင်းတွင် ရွေးချယ်ခြင်းမခံရတော့ဘဲ နည်းပြ ဆောက်ဂိတ်က ၎င်းကို ကျော်ကာ အက်စတွန်ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ်နှင့် မန်စီးတီးလူငယ်ကစားသမား ဖိုဒန်တို့ကို ရွေးချယ်ခဲ့သည်။

အင်္ဂလန်အသင်းသည် လာမည့်မတ်လတွင် ဆမ်မာရီနို၊ အယ်လ်ဘေးနီးယား၊ ပိုလန်အသင်းတို့နှင့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မတ်ဒီဆန်က မိမိအနေဖြင့် အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်ခွင့်ရလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မတ်ဒီဆန်က "ကျွန်တော် ကစားသမားကောင်းတစ်ယောက်ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော် အခွင့်အရေးရချင်ပါတယ်။ အင်္ဂလန်အသင်းမှာ ကစားခွင့်ရဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ဖြစ်ပြီး ဒါကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး။ အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ကျွန်တော် ပြန်ပါချင်တယ်။ ဒါက ကျွန်တော် အလိုချင်ဆုံးဆန္ဒဖြစ်ပြီး အဲဒီအတွက်လည်း ကျွန်တော် အစွမ်းကုန်ကြိုးစားနေပါတယ်"ဟု ပြောကြားခဲ့သည်။

မတ်ဒီဆန်သည် ယခုရာသီတွင် လက်စတာအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၂၄)ပွဲတွင် (၉)ဂိုး သွင်းယူထားသည်။

Most Read

Most Recent