အင်တာမီလန် - ကာဂလီယာရီ (ဧပြီ ၁၈ ရက်နေ့ နံနက် ၁း၁၅ နာရီ)
အင်တာမီလန်က ရာသီပြီးဆုံးဖို့ (၆)ပွဲအလိုမှာ ဒုတိယနေရာက နာပိုလီကို (၉)မှတ်ဖြတ်ထားတာကြောင့် ချန်ပီယံဆုနဲ့ လက်တစ်ကမ်းအကွာကို ရောက်ရှိနေပါပြီ။ ကာဂလီယာရီကတော့ တန်းဆင်းဇုန်ထဲကအသင်းနဲ့ (၆)မှတ်သာကွာဟတာကြောင့် စိတ်မအေးရသေးပါဘူး။ ရှုံးပွဲဆက်နေမှုကို ပြီးခဲ့တဲ့ပွဲစဉ်မှာမှ အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်တာကြောင့် ဒီခြေစွမ်းနဲ့ အင်တာမီလန်ကို တုံ့ပြန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အိမ်ကွင်းမှာ ဂိုးမြူးတတ်တဲ့ အင်တာမီလန်ရဲ့ ဂိုးပြတ်နိုင်ပွဲကို မြင်တွေ့ရမှာပါ။
အခြားပွဲများ
ဆာဆူအိုလို - ကိုမို *
ဆန့်ပေါ်လီ - ကိုလုံး *
* လန်းစ် - တူးလူူး















