ဇရာကို အန်တုနေဆဲ

ဇရာကို အန်တုနေဆဲ
Photos: AFP. Getty Images
Photos: AFP. Getty Images
Published 9 February 2021
Chan Myae

မန်ယူကစားသမားဖြစ်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ကမ္ဘာ့ ဘောလုံးပရိသတ်ကြီးဟာ ဘရိုင်ယန်ရော့ဘ်ဆင်၊ ကန်တိုနာ၊ ဒေးဗစ် ဘက်ခမ်တို့ရဲ့ ဂန္ထဝင်ကျောနံပါတ်ကို ဆက်ခံတဲ့၊ သူတို့လည်း မမြင် ဖူး၊ မကြားဖူးခဲ့တဲ့ လူငယ်လေးတစ်ဦးကို စမြင်ဖူးခဲ့တယ်။ ပြီးတော့ အဲဒီအချိန်ကတည်းက စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဘောလုံးပရိသတ် အများ အပြားရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုခံခဲ့ရတယ်။ (၁၈)နှစ်တိုင် ကြာ ခဲ့ပါပြီ။ စီရော်နယ်လ်ဒိုရဲ့ ခေတ်ပြိုင်ကြယ်ပွင့် တော်တော်များများ လည်း နည်းပြတွေဖြစ်လာတယ်။ တချို့က မေဂျာလိဂ်လိုအားနည်းတဲ့ လိဂ် ပြိုင်ပွဲတွေကို ရောက်ပြီး၊ တချို့လည်း အနားယူသွားကြပါပြီ။ စီရော်နယ်လ်ဒိုကတော့ အခုအချိန်အထိ ထိပ်တန်းအသင်းကြီးတစ်သင်းရဲ့ အဓိက ကစားသမား အဖြစ်ရပ်တည်နေဆဲ၊ ထိပ်တန်းကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး၊ သွင်းဂိုးတွေနဲ့အတူ ပရိသတ်တွေကို ဆွဲဆောင်နေဆဲဆိုတာ တွေ့ရပါတယ်။ မန် ချက်စတာယူနိုက်တက်အသင်း ကစားသမားဘဝ အစောပိုင်းကာလတွေက သူ့အတွက် ခက်ခဲကြမ်းတမ်းမှုတွေ ရှိခဲ့တယ်။

 

Most Read

Most Recent