၀က်စ်ဟမ်းတိုက်စစ်မှူး ဟယ်လာအား ခေါ်ယူနိုင်ရန် အေဂျက်စ် နီးစပ်

၀က်စ်ဟမ်းတိုက်စစ်မှူး ဟယ်လာအား ခေါ်ယူနိုင်ရန် အေဂျက်စ် နီးစပ်
Published 7 January 2021

အေဂျက်စ်အသင်းသည် ဝက်စ်ဟမ်းတိုက်စစ်မှူး ဟယ်လာအား ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း Goal.com က ဖော်ပြခဲ့သည်။

အေဂျက်စ်အသင်းသည် ဝက်စ်ဟမ်းတိုက်စစ်မှူး ဟယ်လာအား ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း Goal.com က ဖော်ပြခဲ့သည်။

အသက်(၂၆)နှစ်အရွယ် ပြင်သစ်လူမျိုးတိုက်စစ်မှူးအတွက် ကလပ်အသင်းနှစ်သင်းအကြား ညှိနှိုင်းမှုများ စတင်ပြုလုပ်နေပြီး ပြောင်းရွှေ့ကြေးမှာ ယူရို(၂၅)သန်းခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဟယ်လာသည် နယ်သာလန်လိဂ်တွင် ယူထရက်ချ်အသင်းနှင့် (၂)ရာသီကြာ ကစားခဲ့ဖူးပြီး ထိုစဉ်က အသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသည်အထိ ခြေစွမ်းပြသနိုင်ခဲ့သည်။ 

ယူထရက်ချ်အသင်းတွင် (၉၈)ပွဲကစား၊ (၅၁)ဂိုး သွင်းယူခဲ့ပြီးနောက် ဖရန့်ဖတ်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ထင်ပေါ်ကျော်ကြားလာခဲ့ပြီး ယင်းနောက်တွင် ဝက်စ်ဟမ်းအသင်းသို့ ပေါင်(၄၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

ဟယ်လာသည် ဝက်စ်ဟမ်းအသင်းတွင် မျှော်လင့်ထားသလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ယခုရာသီတွင်လည်း ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့်ကစားသမားဖြစ်သည်။

Most Read

Most Recent