ပေါင်ခြံဒဏ်ရာရရှိထားသည့် နောက်ခံလူ မာတစ် (၃)ပတ်နားရမည်ဟု ယာဂန်ကလော့ပ် အတည်ပြု

ပေါင်ခြံဒဏ်ရာရရှိထားသည့် နောက်ခံလူ မာတစ် (၃)ပတ်နားရမည်ဟု ယာဂန်ကလော့ပ် အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 1 January 2021

ပေါင်ခြံဒဏ်ရာရရှိထားသည့် နောက်ခံလူ မာတစ်အနေဖြင့် (၃)ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အတည်ပြုပြောကြားခဲ့သည်။

    

ကင်မရွန်းလက်ရွေးစင်နောက်ခံလူ မာတစ်သည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဝက်စ်ဘရွန်းအသင်းနှင့်ပွဲ၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်း မိနစ် (၆၀) တွင် လူစားလဲခဲ့ရသည်။ 

သို့ဖြစ်ရာ လီဗာပူးလ်အသင်းတွင် ခံစစ်အတွင်းလူနေရာအတွက် စီနီယာကစားသမားမရှိတော့ဘဲ ဗုဒ္ဓဟူးနေ့က နယူးကာဆယ်အသင်းနှင့်ပွဲ၌ လူငယ်ကစားသမား ဖီးလစ်နှင့် ကွင်းလယ်လူ ဖာဘင်ညိုတို့ တွဲကစားခဲ့ရသည်။ 

ယင်းပွဲအပြီးတွင် မာတစ်၏ဒဏ်ရာနှင့်ပတ်သက်၍ ယာဂန်ကလော့ပ်က "ဒီလိုဒဏ်ရာမျိုးက ပုံမှန်အားဖြင့် (၃)ပတ်လောက် ကြာတတ်ပါတယ်"ဟု ပြောကြားခဲ့သည်။

    

မာတစ်အနေဖြင့် (၃)ပတ်ကြာ အနားယူရပါက နှစ်သစ်ကူးပွဲကျပ်ကာလကို လွဲချော်မည်ဖြစ်ပြီး ဇန်နဝါရီ (၄)ရက်တွင် ဆောက် သမ်တန်၊ ဇန်နဝါရီ (၈)ရက်တွင် ဗီလာ (FA ဖလား)တို့နှင့် အဝေးကွင်းပွဲစဉ်များအပြင် ဇန်နဝါရီ ၁၇ ရက်တွင် မန်ယူအသင်းနှင့် ကစားမည့် အိမ်ကွင်းပွဲကိုပါ လွဲချော်ဖွယ်ရှိ ကြောင်း သိရသည်။ 

၎င်း၏ဒဏ်ရာသတင်းမှာ လီဗာပူးလ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ပြီး နယူးကာဆယ်နှင့်ပွဲတွင် ပေးဂိုးမရှိဘဲ Clean Sheet ကစားနိုင်ခဲ့သော်လည်း (၂)ပွဲဆက် သရေကျခဲ့သည်။ 

ဒူးဒဏ်ရာကြောင့် အောက်တိုဘာကတည်းက အနားယူခဲ့ရသည့် ကွင်းလယ်လူ သီယာဂိုမှာမူ (၂)လခွဲဝန်းကျင်ကာလအတွင်း ပထမဆုံးအဖြစ် နယူးကာဆယ်နှင့်ပွဲ၌ ဒုတိယပိုင်း (၇၃) မိနစ်တွင် လူစားဝင်ရောက်ကစားခဲ့ကြောင်း သိရသည်။

Most Read

Most Recent