မိမိ၏အိပ်မက်မှာ ဒေါ့မွန်နှင့် ဆုဖလားများ ရယူရန်ဟု ဟော်လန်း ဆို

မိမိ၏အိပ်မက်မှာ ဒေါ့မွန်နှင့် ဆုဖလားများ ရယူရန်ဟု ဟော်လန်း ဆို
Photo: Getty Images
Photo: Getty Images
Published 28 December 2020

ဥရောပထိပ်တန်းအသင်းများစွာ၏ ခေါ်ယူရန် ပစ်မှတ်ထားခံနေရသော ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းက မိမိ၏အိပ်မက်မှာ လက်ရှိအသင်းနှင့်သာ ဆုဖလားများ ရယူရန်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဟော်လန်းသည် ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့မလာမီကတည်းက ထိပ်တန်းအသင်းများ၏ ပစ်မှတ်ကစားသမားဖြစ်ခဲ့သလို၊ လက်ရှိအချိန်တွင်လည်း ပရီးမီးယားလိဂ်မှ မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့က လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် ခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ယင်းအခြေအနေတွင် ဟော်လန်းက DAZN သတင်းဌာနနှင့် တွေ့ဆုံရာ၌ ''လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့ အကြီးမားဆုံးအိပ်မက်ကတော့ ဒေါ့မွန်အသင်းနဲ့အတူ ဆုဖလားအောင်ပွဲတစ်စုံတစ်ရာ ရယူသွားဖို့ပါပဲ။ ကလပ်အသင်းနဲ့ ပရိသတ်တွေအတွက် ဒီလိုရယူပေးနိုင်အောင် ကြိုးစားသွားမှာပါ။ အသင်းမှာရှိတဲ့သူတိုင်းက ဒီလိုအောင်ပွဲနဲ့ ထိုက်တန်သူတွေဖြစ်ပြီး ကျွန်တော့်အနေနဲ့ အချိန်တိုင်းမှာ အကောင်းဆုံးဖြစ်အောင်လည်း လုပ်ဆောင်သွားမှာပါ။ ဒီအသင်းက ကျွန်တော့်ကို ငွေကြေးများစွာ သုံးစွဲပြီး ခေါ်ယူခဲ့သလို၊ ပရိသတ်တွေကလည်း ကျွန်တော့်ဆီက ရာနှုန်းပြည့်ရရှိဖို့ မျှော်လင့်နေကြပါတယ်''ဟု ပြောကြားခဲ့သည်။

ဟော်လန်းသည် ပြီးခဲ့သည့်နိုဝင်ဘာလက တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းကြောင့် အနားယူနေရသော်လည်း ဆောင်းရာသီအနားပေးချိန်အပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ပြန်ကစားနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။

ဒေါ့မွန်အသင်းသည် ဟော်လန်း အနားယူနေရသည့် ကာလအတွင်း ရလဒ်များ ဆိုးရွားခဲ့ခြင်းကြောင့် နည်းပြအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်အသင်းနှင့် (၈)မှတ်အထိ ကွာဟနေသည်။

Most Read

Most Recent