COVID-19 ၏ အကျိုးဆက်အဖြစ် အဲဗာတန်အသင်း စံချိန်တင် ပေါင်သန်း (၁၄၀) နီးပါး အရှုံးပေါ်

COVID-19 ၏ အကျိုးဆက်အဖြစ် အဲဗာတန်အသင်း စံချိန်တင် ပေါင်သန်း (၁၄၀) နီးပါး အရှုံးပေါ်
Photo: AFP
Photo: AFP
Published 12 December 2020

ပရီးမီးယားလိဂ်ကလပ် အဲဗာတန် အသင်းသည် COVID-19 ကပ်ရောဂါဖြစ် ပွားမှု၏ အကျိုးဆက်အဖြစ် ၂၀၁၉-၂၀၂၀ ရာသီတွင် စံချိန်တင် ပေါင်သန်း (၁၄၀) နီးပါး အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

အဲဗာတန်အသင်းသည် ၂၀၁၈-၂၀၁၉ ရာသီတွင် စံချိန်တင်အဖြစ် ပေါင် (၁၁၁.၈) သန်း အရှုံးပေါ်ခဲ့ပြီးနောက် တစ်နှစ်အကြာ မှာပင် ယင်းစံချိန်ကိုချိုးဖျက်၍ ပေါင် (၁၃၉.၉) သန်း အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် မတ် လမှစ၍ ဇွန်အထိ (၃)လကြာ ဘောလုံးပွဲများ ရပ်နားခဲ့ရသလို ပြန်လည်ကျင်းပခွင့်ရပြီး နောက် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားနေရ သဖြင့် ဝင်ငွေရရှိမှု လျော့ကျသွားခဲ့သည်။ ကွင်းဝင်ကြေးဝင်ငွေ လျော့နည်းသွားသလို ရုပ်သံကုမ္ပဏီများအား လျော်ကြေးပြန်ပေးခဲ့ရသဖြင့် ယင်းကဏ္ဍနှစ်ခုမှ ပေါင် (၆၇.၃) သန်း ဆုံးရှုံးနစ်နာခဲ့ပြီး နည်းပြဟောင်း မာ ကိုဆေးလ်ဗားကို ထုတ်ပယ်စဉ် လျော်ကြေးပေးရခြင်း၊ ကွင်းသစ်စီမံကိန်းအတွက် ပြင် ဆင်ရာတွင် ငွေကြေးကုန်ကျခြင်း၊ ပေါင် (၁၁၃) သန်း အသုံးပြု၍ ကစားသမားသစ်များခေါ်ယူ ခြင်း စသည့်အချက်များကြောင့်လည်း စံချိန် တင်ပမာဏ အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။

အဲဗာတန်အသင်း၏ အဓိကရှယ်ယာရှင်ဖြစ်သူ ဗြိတိန်-အီရန်နွယ်ဖွား ဖာဟက်မိုရှီရီသည် ပြီးခဲ့သည့်ရာသီအတွက် အရှုံးသက် သာစေရန် ဇွန်လအတွင်းက ကိုယ်ပိုင်ငွေ ပေါင်သန်း (၅၀) စိုက်ထုတ်ပေးခဲ့ကြောင်း သိရသည်။ ၎င်းသည် ယခုရာသီကုန်တွင်လည်း ပေါင်သန်း (၅၀) ထပ်မံစိုက်ထုတ်ပေးရန် စီစဉ်ထား ရာ အဲဗာတန်အသင်းအတွက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ပေါင်သန်း (၄၀၀) အထိရှိလာ ကြောင်း သိရသည်။

Most Read

Most Recent