လာလီဂါပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 December 2020

ဗလင်စီယာ - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၇:၃၀ နာရီ)

အခုနောက်ပိုင်းပွဲတွေမှာ ဗလင်စီယာတို့ ခံစစ်ပိုင်းကို သတိထားပြင်ဆင်ကစားလာနိုင်တာ တွေ့နေရတယ်။ ဒါကြောင့် နောက်ဆုံး (၂)ပွဲဆက် တိုက်စစ်က လျော့သွားသလိုဖြစ်နေတယ်။ ဒါပေမဲ့ ဗလင်စီယာရဲ့အိမ်ကွင်း တိုက်စစ်ဖွင့်ကစားပြီး ဂိုးရအောင်ကစားနိုင်စွမ်းကိုတော့ လျှော့တွက်လို့မဖြစ်သေးဘူး။ ဘီလ်ဘာအိုကလည်း ခြေစွမ်းပုံမှန်မရှိဘူး။ အဝေးကွင်းမှာ သိသိသာသာရုန်းကန်နေရတုန်းပါပဲ။ အိမ်ကွင်းလည်းဖြစ်တဲ့ ဗလင်စီယာနဲ့ ဂိုးအနည်းပဲ ရွေးထားလိုက်တယ်။

ဂီတာဖေး - ဆီဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၉:၄၅ နာရီ)

ဂီတာဖေးရဲ့ခြေစွမ်းက မှန်းရခက်နေတုန်းပဲ။ အထူးသဖြင့် တိုက်စစ်အားနည်းနေမှုက ဂီတာဖေးကို အခက်တွေ့နေစေသလိုဖြစ်နေတယ်။ ဆီဗီလာကလည်း ပြီးခဲ့တဲ့ပွဲမှာ ရီးယဲလ်ကို ရှုံးထားလို့ အခုပွဲကို သတိနဲ့ပြန်ထိန်းကစားမယ့်ပုံမျိုး ပေါ်နေတယ်။ ကြားရက်မှာလည်း ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်ကစားထားရလို့ ဆီဗီလာတို့ ပွဲပန်းမှုဒဏ်ကို ခံရဖို့လည်းရှိပါတယ်။ လာလီဂါ မှာလည်း ဆီဗီလာရဲ့ တိုက်စစ်ပိုင်းအားလျော့မှုက ဂီတာဖေးလို အသင်းကို အဝေးကွင်းမှာ ဂိုးရအောင်ကစားဖို့ဆိုတာက စိန်ခေါ်မှုတစ်ခုပါပဲ။ ဂိုးနည်းသရေပွဲလောက်ပဲ မှန်းထားရင်ကောင်းမယ်။

ဟွယ်ဆကာ - အလာဗတ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၁၂:၀၀ နာရီ)

ဟွယ်ဆကာက အခုအချိန်အထိ နိုင်ပွဲမရသေးဘူး။ အသင်းကလည်း ဇယားအောက်ဆုံးနေရာရောက်နေတယ်။ အခုပွဲလည်း အိမ်ရှင်ဆိုပေမဲ့ ခြေမှန်ပြီး ကစားပုံမာကျောတဲ့ အလာဗတ်စ်ကို အနိုင်ရဖို့ ခက်ခဲဦးမှာပါ။ ဂိုးနည်းသရေပွဲပဲထင်တယ်။

ရီးယဲလ်မက်ဒရစ် - အက်သလက်တီကိုမက်ဒရစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၃ ရက် နံနက် ၂:၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဆီဗီလာကို အနိုင်ယူပြီး ယုံကြည်မှုပြန်တည်ဆောက်ထားတယ်။ ဒဏ်ရာပြဿနာတွေနဲ့ လူမစုံတဲ့ကြားက ဆီဗီလာကို အနိုင်ကစားလိုက်တာဟာ အက်သလက်တီကိုနဲ့ပွဲအတွက်ပါ ပြင် ဆင်နိုင်လိုက်ရာလည်းရောက်တယ်။ အက်သလက်တီကိုမက်ဒရစ်ကတော့ လာလီဂါကို အဓိကအားစိုက်နေတာ သိသာနေတယ်။ ဒါကြောင့်လည်း ရီးယဲလ်လိုချန်ပီယံဆုအတွက် ပြိုင်ဘက်ဖြစ်လာနိုင်တဲ့အသင်းမျိုးနဲ့တွေ့တဲ့အချိန်မှာ စောစောစီးစီး အလဲထိုးထားနိုင်ဖို့ ကြိုးစားမှာသေချာတယ်။ အစဉ်အလာအရ ရီးယဲလ်မက်ဒရစ် အသာရနေပေမဲ့ လက်ရှိအခြေအနေ အရတော့ အက်သလက်တီကိုက အပေါ်စီးမှာရှိနေပါတယ်။ အက်သလက်တီကို အနည်းဆုံးသရေ ကစားပါလိမ့်မယ်။

Most Read

Most Recent