ဘရူနိုဖာနန်ဒက်စ်သည် အသင်းသားများအကြားတွင် ကန်တိုနာ၊ ဝိန်းရွန်နီတို့၏ ပုံရိပ်မျိုးကို ရရှိထားသူဖြစ်သည်ဟု ဖီးလ်နဗီးလ်ချီးကျူး

ဘရူနိုဖာနန်ဒက်စ်သည် အသင်းသားများအကြားတွင် ကန်တိုနာ၊ ဝိန်းရွန်နီတို့၏ ပုံရိပ်မျိုးကို ရရှိထားသူဖြစ်သည်ဟု ဖီးလ်နဗီးလ်ချီးကျူး
Photo: Daily Mail
Photo: Daily Mail
Published 9 November 2020

မန်ယူအသင်း၏ နာမည်ကျော်ကစားသမားဟောင်းနှင့် လက်ရှိ အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ဖီးလ်နဗီးလ်က အသင်း၏ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် ခေါင်းဆောင်စရိုက်ရှိပြီး၊ အသင်းကို ဦးဆောင်နိုင်စွမ်းရှိကာ အသင်းသားများအကြား ကန်တိုနာ၊ ရွန်နီတို့ကဲ့သို့ လွှမ်းမိုးမှုများရှိသည်ဟု ပြောကြားခဲ့သည်။

ဖီးလ်နဗီးလ်က "ဘရူနိုဖာနန်ဒက်စ် အသင်းကို ရောက်လာတော့ သူ ဒီလောက် လုပ်နိုင်စွမ်းရှိမယ်လို့ ကျွန်တော်မထင်ခဲ့ပါဘူး။ သူ ဂိုးတွေသွင်းတယ်၊ ဖန်တီးမှုတွေလုပ်တယ်။ ဒါပေမဲ့ နောက်ရာသီမှာ ဒီလို ထပ်လုပ်နိုင်ပါ့မလားလို့ ကျွန်တော် တွေးခဲ့သေးတယ်။ ဒါပေမဲ့ သူက ပိုတောင်ကောင်းလာပါတယ်။ သူ အသင်းအတွက် လိုအပ်လာလို့ စကားပြောတဲ့အခါ တကယ့် မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ဦးလိုပြောတယ်။ အသင်းခေါင်းဆောင်တစ်ဦးလို ပြောတယ်။ မန်ယူအသင်းရဲ့ ဦးဆောင်သူ တစ်ဦးလို ပြောတယ်။ ကျွန်တော် ပြန်စဉ်းစားကြည့်တော့ နောက်ဆုံး (၁၀)နှစ်၊ (၁၅)နှစ်လောက်အတွင်းမှာ အချိန်တိုအတွင်း  အသင်းမှာ ဒီလောက်ကြီးမားတဲ့ ပုံရိပ်မျိုးကို ပိုင်ဆိုင်တဲ့သူ တစ်ဦးကိုမှ စဉ်းစားလို့မရဘူး။ ရွန်နီ ဖြစ်နိုင်ပါတယ်။ ကန်တိုနာဖြစ်နိုင်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က အဲ့ဒီလို ကစားသမားတွေလို အချိန်တိုအတွင်း အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်"ဟု ဆိုခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် (၆)ဂိုးသွင်းကာ (၅)ဂိုးဖန်တီးပေးထားသူဖြစ်သည်။

Most Read

Most Recent