ပရီးမီးယားလိဂ်ကလပ် (၃)သင်းစလုံး ဂိုးပြတ်နိုင်ပွဲတွေရခဲ့ကြတဲ့

ပရီးမီးယားလိဂ်ကလပ် (၃)သင်းစလုံး ဂိုးပြတ်နိုင်ပွဲတွေရခဲ့ကြတဲ့
Published 6 November 2020

လက်ဆောင်ဂိုး (၂)ဂိုး

အာဆင်နယ် ၄-၁ မိုလ်ဒီ


အာဆင်နယ်က မိုလ်ဒီရဲ့ Teamwork ကောင်းတဲ့ ကစားပုံကြောင့် ပွဲချိန်အစောပိုင်းတွေမှာ ရုန်းကန်ခဲ့ရပါသေးတယ်။ တောင်ပံမှာ ပွဲထွက်လာတဲ့ ပေပေနဲ့ ဝီလီယံတို့ကလည်း ထင်သလောက် အားကိုးလို့မရခဲ့ဘူး။ အထူးသဖြင့် ပေပေဖြစ်ပြီး အခုချိန်အထိကို ယုံကြည်မှု ပျောက်ဆုံးနေတဲ့ ပုံစံကိုပဲ တွေ့ခဲ့ရ တယ်။ ဒီပွဲမှာ ပေပေက တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးနိုင်ခဲ့တယ်ဆိုပေမဲ့ အသင်းဖော်တွေနဲ့ တွဲဖက်မှုတွေမှာ နည်းလည်မှုလိုအပ်သလို၊ တစ်ဦးချင်းကျော်ဖြတ်မှု အပိုင်းမှာလည်း အကြိမ်တိုင်းလိုလို ပျက်ယွင်းနေခဲ့တယ်။

ဒါပေမဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပြိုင်ဘက်ကို ပွဲချိန်ပြည့်နီးပါး စိုးမိုးနိုင်ခဲ့တာကိုတော့ ချီးကျူးရမှာပါ။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို (၄၅၊ ၆၂၊ ၆၉၊ ၈၈)မိနစ်တွေမှာ ဟူဂန်နဲ့ စင်ယန်က (OG)၊ ပေပေနဲ့ ဝဲလ်လက်စ်တို့က သွင်းခဲ့ကြပြီး မိုလ်ဒီအတွက် ဂိုးကိုတော့ (၂၂)မိနစ်မှာ အယ်လ်လင်ဆန်က သွင်းယူခဲ့ပါတယ်။ ဝဲလက်ခ်ကတော့ ယူရိုပါလိဂ်နောက်ဆုံး (၂)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပြီး ပရိုကစားသမားဘဝတစ်လျှောက် ပထမဆုံး စွမ်းဆောင်နိုင်ခဲ့တယ်။

လွယ်ကူတဲ့ နိုင်ပွဲ

လူဒိုဂိုရတ်စ် ၁-၃ စပါး

မော်ရင်ဟိုရဲ့ စပါးက လွယ်ကူတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပြီး တစ်ပွဲလုံးပွဲကိုစိုးမိုးသွားခဲ့ပါတယ်။ လူဒိုဂိုရတ်စ်က စပါးနဲ့ အဆင့်ချင်းအရမ်းကွာပြီး ချေပဂိုးတစ်ဂိုးကလည်း မထင်မှတ်တဲ့ အနေအထားက ရသွားတာပါ။ နောက်တန်းက ဖရိုဖရဲ၊ ကွင်းလယ်နဲ့ တိုက်စစ်ကလည်း အဆိပ်မရှိတဲ့ မြွေလိုပဲ။ စပါးကို ဘယ်လိုမှကို မယှဉ်နိုင်ခဲ့ဘူး။ စပါးကတော့ ဟာရီကိန်း၊ ဘေးလ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဆွန်ဟောင်မင်၊ အန်ဒွန်ဘီလီစတဲ့ အဓိ ကစားသမားတွေကို အသုံးပြုသွားခဲ့တယ်။ အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာရီကိန်းကတော့ စပါးကစားသမားဘ၀ ပြိုင်ပွဲစုံ ဂိုး(၂၀၀) ပြည့်မြောက်ခဲ့ပြီး ထူးခြားတာက အိမ်ကွင်း ဂိုး (၁၀၀)၊ အဝေးကွင်း ဂိုး(၁၀၀)သွင်းယူခဲ့တာပါ။ ဒါ့အပြင် ဟာရီကိန်းဟာ စပါးကစားသမားဘ၀ ပြိုင်ပွဲစုံပွဲ (၃၀၀)လည်း ပြည့်မြောက်ခဲ့ပါတယ်။ စပါးအသင်းအတွက် အနိုင်ဂိုးတွေကို (၁၃၊ ၃၂၊ ၆၂)မိနစ်တွေမှာ ဟာရီကိန်း၊ လူးကပ်စ်မော်ရာနဲ့ ဆယ်လ်ဆိုတို့က သွင်းယူခဲ့ပြီး လူဒိုဂို ရတ်စ်အတွက် ချေပဂိုးတစ်ဂိုးကိုတော့ တိုက်စစ်ကစားသမား ကီဆာအူက မိနစ် (၅၀)မှာ သွင်းယူခဲ့ပါတယ်။

အခြားပွဲရလဒ်များ

ရိုးမား ၅-၀ ကလုချ်

ရက်ပစ်ဝီအန် ၄-၃ ဒန်ဒေါ့ခ်

ဆလားဗီးယားပရပ်ဂ် ၃-၂ နိုက်စ်

ဟာပိုးဘီအာရှီဗာ ၂-၄ လေဗာကူဆင်

ဘင်ဖီကာ ၃-၃ ရိန်းဂျားစ်

လက်ချ်ပေါ့နန် ၃-၁ စတန်းဒတ်လိဂ်

PAOK ၄-၁ PSV

အိုမိုးနီးယားနီကိုးရှား ဝ-၂ ဂရန်နာဒါ

ရီယဲလ်ကာ ၁-၂ နာပိုလီ

ဆိုစီဒက် ၁-၀ အယ်လ်ခမာ

ဆီဗက်စပေါ် ၂-၀ ကာရာဘတ်

ယန်းဘွိုင်းစ် ၃-၀ CSKA ဆိုဖီယာ

လက်စတာ ၄-၀ စပို့တင်းဘရာဂါ

ဇော်ယာ ၁-၄ AEK အေသင်

ဆဲလ်တစ် ၁-၄ စပါတာပရပ်ဂ်

အေစီမီလန် ဝ-၃ လိုင်လီ

အန့်ဝပ် ဝ-၁ LASK

ဒိုင်နမိုဇာဂရက် ၁-၀ ဝုလ်ဖ်ဘာဂါ

ဖီယင်နု ၃-၁ CSKA မော်စကို

ဇဗက်ဒါ ၂-၁ KAA ဂျန့်

ဟော်ဖန်ဟင်မ် ၅-၀ ဆလိုဗက်လီဘရက်

ဗီလာရီးယဲလ် ၄-၀ မက္ကာဘီတဲလ်အဗစ်

Most Read

Most Recent