ဘာစီလိုနာနှင့်ပွဲတွင် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ၄-၂-၄ ကို သုံးသင့်သည်ဟု ဒယ်လ်ပီယာရို အကြံပြု

ဘာစီလိုနာနှင့်ပွဲတွင် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ၄-၂-၄ ကို သုံးသင့်သည်ဟု ဒယ်လ်ပီယာရို အကြံပြု
Photo: Sky Sports
Photo: Sky Sports
Published 28 October 2020

ယနေ့တွင် ဘာစီလိုနာအသင်းနှင့် အိမ်ကွင်းယှဉ်ပြိုင်ကစားရမည့် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ၄-၂-၄ ကစားကွက်ကို အသုံးပြုသင့်သည်ဟု အသင်းဂန္ထဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရိုက အကြံပြုခဲ့သည်။

    

ဂျူဗင်တပ်စ်နှင့် ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ပွဲဦးထွက်တွင် ပြိုင်ဘက်အသင်းများလည်း အသီးသီးအနိုင်ရခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် ပြည်တွင်းအမှတ်ပေးပွဲများတွင်မူ နိုင်ပွဲပျောက်ဆုံးခဲ့ကြသည်။ 

Sky Sports ရုပ်သံက မေးမြန်းမှုတွင် ဒယ်လ်ပီယာရိုက "ပီယာလိုအနေနဲ့ အဖြေကို ရှာဖွေနေမှာပါ။ ပြိုင်ဘက်အသင်းအနေအထားအရ သူ့အနေနဲ့ အသင်းကို ပြောင်းလဲရမှာဖြစ်တယ်။ ဒါဟာ ခြွင်းချန်နေစရာလည်း မလိုပါဘူး။ သူ့အနေနဲ့ အသင်းပုံစံကို ပြောင်းလဲရပါလိမ့်မယ်။ ဂျူဗင်တပ်စ်အသင်းရဲ့တောင်ပံတွေမှာ ဒီယန်(ကူလူဆက်ဗ်စကီး)နဲ့ ဖက်ဒရီကို(ခီယေဆာ)တို့လို အလားအလာ အများကြီးရှိတဲ့ ကစားသမားတွေရှိပြီး သူတို့ က ခြေထဲမှာ ဘောလုံးရောက်ချိန် တစ်ဦးချင်းကို ဖိအားပေးနိုင်သူတွေပါ။ ကျွန်တော်တို့က ဗဟိုကွင်းလယ်လူ(၂)ဦးနဲ့ ကစားနိုင်တဲ့အနေ အထားရှိပြီး ၄-၂-၄ ပုံစံကိုတောင် အသုံးပြုနိုင်ပါတယ်။ တိုက်စစ်မှာ စွမ်းရည်ပြည့်သူတွေ အများအပြားရှိရင် ၄-၂-၄ စွန့်စားခန်းက ရှေ့မှာ လွတ်လပ်စွာ ပိုကစားနိုင်ပြီး အသင်းကို ပိုတောင့်တင်းစေပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဒယ်လ်ပီယာရိုက ကူလူဆက်ဗ်စကီးကို ညာ၊ ခီယေဆာကို ဘယ်တောင်ပံတွင်ထားပြီး ဗဟိုတိုက်စစ်မှူးများအဖြစ် မိုရာတာ-ဒီဘားလားတို့ကို

အသုံးပြုစေလိုခြင်းဖြစ်သည်။

Most Read

Most Recent