ဆင်းရဲချို့တဲ့သည့် လူငယ်များကိုကူညီရန် စတာလင် ဖောင်ဒေးရှင်း တည်ထောင်မည်

ဆင်းရဲချို့တဲ့သည့် လူငယ်များကိုကူညီရန် စတာလင် ဖောင်ဒေးရှင်း တည်ထောင်မည်
Photo : Onefootball
Photo : Onefootball
Published 27 October 2020

မန်စီးတီးအသင်း၏ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား စတာလင်သည် ဆင်းရဲချို့တဲ့သည့်လူငယ်များကို ကူညီရန်အတွက် ဖောင်ဒေးရှင်းတည်ထောင်မည်ဖြစ်ကြောင်း သိရသည်။

စတာလင်သည် ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ဆင်းရဲချို့တဲ့သည့်လူငယ်များကို အကူအညီပေးရန် ဆန္ဒရှိနေပြီး ၎င်း၏ဖောင်ဒေးရှင်းအနေဖြင့် တက္ကသိုလ်ပညာသင်ဆုအပါအဝင် အလုပ်အကိုင်ရရှိရေးအတွက်ပါ ကူညီဆောင် ရွက်ပေးမည်ဖြစ်သည်။ 

''ဒါက ဘာလုပ်နိုင်တယ်၊ ဘာဖြစ်သင့်တယ်ဆိုတာရဲ့ အဆုံးသတ်ပါပဲ။ အခု ကျွန်တော်က ကိုယ်လုပ်နိုင်တာတွေ ကို နေရာချဖို့ ကြိုးစားနေပါတယ်။ ဒီအစီအစဉ်က လူငယ်တွေကို ကျွန်တော့်လိုအခြေအနေမျိုးဖြစ်လာအောင် ကူညီပေးပါလိမ့်မယ်။ သူတို့တက်ချင်တဲ့ တက္ကသိုလ်တက်ခွင့်ရဖို့၊ လိုအပ်နေတဲ့ ဘောလုံးအသုံးအဆောင်တွေအပါအဝင် တခြားအရာတွေအတွက် ကျွန်တော်က အကူအညီပေးတဲ့လက်တစ်စုံ ဖြစ်ချင်တာပါ။ ဒီလိုသန်းနဲ့ချီပြီး ပိုင်ဆိုင်ထား တဲ့အတွက် စိတ်ရှုပ်စရာမရှိပါဘူး။ ကိုယ်က အကူအညီပေးနိုင်တာကို မြင်ရရင်ပဲ ပျော်ပါပြီ။ ငါးယောက်ပဲဖြစ်ဖြစ်၊ တစ်ယောက်ပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကျွန်တော်က တစ်စုံတစ်ယောက်ကို ကူညီပေးတာမျိုး ခံစားချင်လို့ပါ''ဟု စတာလင်က ပြောကြားသည်။

Most Read

Most Recent