တောင်ကိုရီးယားတိုက်စစ်မှူး လီဒေါင်ဂွတ် ကစားသမားဘဝမှ အနားယူ

တောင်ကိုရီးယားတိုက်စစ်မှူး လီဒေါင်ဂွတ် ကစားသမားဘဝမှ အနားယူ
Photo: DGLEE20
Photo: DGLEE20
Published 26 October 2020

တောင်ကိုရီးယားနိုင်ငံမှ ပရော်ဖက်ရှင်နယ်အဆင့် ဘောလုံးသမားများထဲတွင် အသက်အကြီးဆုံးအဖြစ် စံချိန်တင်ထားသော ၀ါရင့်တိုက်စစ်မှူး လီဒေါင်ဂွတ်(၄၁ နှစ်)သည် ယခုရာသီကုန်တွင် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့သည်။

လီဒေါင်ဂွတ်သည် လက်ရှိအချိန်တွင် ဟွန်ဒိုင်းမော်တာစ်အသင်းတွင် ကစားနေသူဖြစ်ပြီး တောင်ကိုရီးယား K-League ပြိုင်ပွဲမှာ နိုဝင်ဘာ(၁)ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်သည်။

လီဒေါင်ဂွတ်သည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် K-League ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူလည်းဖြစ်သည်။

လီဒေါင်ဂွတ်သည် ၀ါဒါဘရီမင်၊ မစ်ဒယ်ဘရော့အသင်းများတွင်လည်း ကစားခဲ့ဖူးသူဖြစ်ပြီး ဘောလုံးသမားအဖြစ် (၂၃)နှစ်ဝန်းကျင် ဖြတ်သန်းခဲ့ပြီးနောက် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဘောလုံးလောကတွင် ပုံစံအသစ်ဖြင့် ဘဝအသစ် ပြန်လည်စတင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent