ကွင်းအစား ရုပ်ရှင်ရုံတွင် ပွဲကြည့်ခွင့်ပေးခြင်းကို မွိုက်စ်ဝေဖန်

ကွင်းအစား ရုပ်ရှင်ရုံတွင် ပွဲကြည့်ခွင့်ပေးခြင်းကို မွိုက်စ်ဝေဖန်
Photo: Joe
Photo: Joe
Published 26 October 2020

ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ပရိသတ်များကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်မပေးသော်လည်း ကွင်းအနီးရှိ ရုပ်ရှင်ရုံတွင် ပရိသတ်များအား ပြသခွင့်ပြုခြင်းကို ဝေဖန်ခဲ့သည်။

စနေနေ့က ကစားခဲ့သော ဝက်စ်ဟမ်း-မန်စီးတီးပွဲကို ပရိသတ်များအနေဖြင့် လန်ဒန်အိုလံပစ်ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်မရှိသော်လည်း ကွင်းနှင့် မိုင်ဝက်မျှသာဝေးသည့် Vue ရုပ်ရှင်ရုံတွင် ဝင်ရောက်ခွင့်ပေးကာ ရုပ်သံမှ ပြသခဲ့သည်။

ဒေးဗစ်မွိုက်စ်က ''လကောင်းလေသန့်ရနိုင်တဲ့ကွင်းထဲ ပရိသတ်တွေကို ဝင်ခွင့်မပေးဘဲ ရုပ်ရှင်ရုံမှာ ကြည့်ခွင့်ပေးတာကတော့ မဖြစ်သင့်ပါဘူး''ဟု ပြောကြားခဲ့သည်။

လိဂ်ချန်ပီယံရှစ်တွင်လည်း ကလပ်အချို့က ယင်းပုံစံပြုလုပ်နေ၍ အင်္ဂလန်ပရိသတ်အဖွဲ့ချုပ်(FSF)က ဝေဖန်မှုများပြုလုပ်ခဲ့သည်။

 

Most Read

Most Recent