ဘောလုံးကွင်းကိစ္စမှာ အရေးမကြီးဟူသည့် ကျန်းမာရေးဝန်ကြီး၏ မှတ်ချက်အား အီတလီလက်ရွေးစင်နည်းပြ မန်စီနီ တုံ့ပြန်

ဘောလုံးကွင်းကိစ္စမှာ အရေးမကြီးဟူသည့် ကျန်းမာရေးဝန်ကြီး၏ မှတ်ချက်အား အီတလီလက်ရွေးစင်နည်းပြ မန်စီနီ တုံ့ပြန်
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 11 October 2020

ကျန်းမာရေးဝန်ကြီး စပါရန်ဇာက အစိုးရအနေဖြင့် အရေးပါသည့် ကိစ္စများအတွက်သာ အာရုံစိုက်သင့်ကြောင်း၊ ဦးစားပေးမှာ ကျောင်းများဖြစ်ပြီး ဘောလုံးကွင်းများ မဟုတ်ကြောင်း၊ ဘောလုံးကွင်းများ ပြန်ဖွင့်၍ လူထောင်ပေါင်းများ စွာကို အန္တရာယ်တွင်းသို့ မပို့နိုင်ကြောင်း ပြောကြားခဲ့သည်။ 

အီတလီလက်ရွေးစင်နည်းပြ မန်စီနီက အီတလီကျန်းမာရေးဝန်ကြီး၏ ဘောလုံးကွင်းကိစ္စမှာ အရေးမကြီးဟူသည့် မှတ်ချက်အား ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောကြားခဲ့သည်။  

ကျန်းမာရေးဝန်ကြီး စပါရန်ဇာက အစိုးရအနေဖြင့် အရေးပါသည့် ကိစ္စများအတွက်သာ အာရုံစိုက်သင့်ကြောင်း၊ ဦးစားပေးမှာ ကျောင်းများဖြစ်ပြီး ဘောလုံးကွင်းများ မဟုတ်ကြောင်း၊ ဘောလုံးကွင်းများ ပြန်ဖွင့်၍ လူထောင်ပေါင်းများ စွာကို အန္တရာယ်တွင်းသို့ မပို့နိုင်ကြောင်း ပြောကြားခဲ့သည်။ 

မန်စီနီက "မပြောခင်မှာ စဉ်းစားဖို့ အရေးကြီးပါတယ်။ လူတိုင်းမှာ အားကစားအတွက် အခွင့်အရေးရှိတယ်။ ကျောင်းသွားဖို့ အခွင့်အရေးလိုပါပဲ။ အားကစားက အလုပ်နဲ့ ပညာရေးလို ဒီလူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ အားကစားက သန်းနဲ့ချီတဲ့ အီတာလျံတွေရဲ့ အလေ့အကျင့်တစ်ခုပါ။ ကျွန်တော်က တခြားဥရောပနေရာတွေမှာလို ကွင်းတွေတစ်စိတ်တစ်ပိုင်းဖွင့်တဲ့ဘက်ကို အလေးသာပါတယ်။ ပိုလန်နဲ့ ကစားမယ့်ပွဲမှာ ပရိသတ်သောင်းချီလာမှာဖြစ်ပြီး ဒီအတွက် ပျော်ပါတယ်"ဟု တုံ့ပြန်ခဲ့သည်။

Most Read

Most Recent