ရန်ပွဲဖြစ်ပွားမှုကြောင့် မက်ဂွိုင်းရားအပါအဝင်သုံးဦး စွဲချက်တင်ခံထားရပြီး ၎င်း၏ညီမ လက်တွင်ဒဏ်ရာရရှိခဲ့

ရန်ပွဲဖြစ်ပွားမှုကြောင့် မက်ဂွိုင်းရားအပါအဝင်သုံးဦး စွဲချက်တင်ခံထားရပြီး ၎င်း၏ညီမ လက်တွင်ဒဏ်ရာရရှိခဲ့
Photos : Getty Images
Photos : Getty Images
Published 23 August 2020

ဒေသခံမီဒီယာဖြစ်သည့် Mykonos Voice သတင်းဌာန၏ ဖော်ပြချက်အရ ကြာသပတေးနေ့ ညပိုင်းက ဘားတစ်ခုတွင် ပြိုင်ဘက်အသင်းပရိသတ်များက " F*** United"  ဟု ဆဲဆိုရာမှ မက်ဂွိုင်းရားနှင့်အတူ ပါလာသူများနှင့် ၎င်းတို့အကြား ရန်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဂရိနိုင်ငံရှိ မိုင်ကိုနော့စ်ကျွန်း၌ ရန်ပွဲဖြစ် ပွားမှုကြောင့် မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားအပါအဝင် အမျိုးသားသုံးဦး စွဲချက်တင်ခံထားရပြီး မက်ဂွိုင်းရား၏ညီမဖြစ်သူမှာလည်း လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသခံမီဒီယာဖြစ်သည့် Mykonos Voice သတင်းဌာန၏ ဖော်ပြချက်အရ ကြာသပတေးနေ့ ညပိုင်းက ဘားတစ်ခုတွင် ပြိုင်ဘက်အသင်းပရိသတ်များက " F*** United"  ဟု ဆဲဆိုရာမှ မက်ဂွိုင်းရားနှင့်အတူ ပါလာသူများနှင့် ၎င်းတို့အကြား ရန်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်ပွဲကြောင့် မက် ဂွိုင်းရား၏ညီမ ဒိုင်ဆီ၏လက်တွင် ချွန်ထက်သောအရာဝတ္ထုဖြင့် ထိခိုက်မိသော ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်းက ညီမဖြစ်သူကိုကာကွယ်ရန် ရန်ပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသားအုပ်စုနှစ်ခု ခိုက်ရန်ဖြစ်ပွားနေသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖျန်ဖြေစဉ် ရဲအရာရှိများကိုပါ ပြန်လည်တိုက်ခိုက်သဖြင့် မက်ဂွိုင်းရားအပါအဝင် သုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မက်ဂွိုင်းရားကို မြေပြင်ပေါ်တွင် ချုပ်ထားရန် ရဲအရာရှိငါးဦးအထိ ကြိုးပမ်းခဲ့ရပြီး ၎င်းသည် ဖမ်းဆီးမခံရခင် လာဘ်ငွေပေးရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရသည်။

သောကြာနေ့တွင် ၎င်းတို့ကို  မိုင်ကိုနော့စ်ရဲစခန်းမှ ဆီရော့စ်ရဲစခန်းသို့ ပြောင်းလဲပို့ဆောင်၍ ထိန်းသိမ်းခဲ့ပြီး စနေနေ့ နံနက်ပိုင်းက တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိရသည်။ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ လာဘ်ငွေပေးရန် ကြိုးပမ်မှုဖြင့် ၎င်းတို့ကို စွဲချက်တင်ထားပြီး မက်ဂွိုင်းရား၏ရှေ့နေကမူ စွဲချက်အားလုံးကို ငြင်းဆန်ထားကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent