၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲအား လာမည့် သြဂုတ်(၂၂)ရက်တွင် ပြန်လည်ကျင်းပမည်ဟု မြန်မာနေရှင်နယ်လိဂ် ထုတ်ပြန်

၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲအား လာမည့် သြဂုတ်(၂၂)ရက်တွင် ပြန်လည်ကျင်းပမည်ဟု မြန်မာနေရှင်နယ်လိဂ် ထုတ်ပြန်
Photo: MNL
Photo: MNL
Published 12 August 2020

မြန်မာနေရှင်နယ်လိဂ်သည် ရပ်နားထားသော ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲကို လာမည့် သြဂုတ်(၂၂)ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း  သြဂုတ်(၁၂)ရက်တွင် Facebook မှတဆင့် ထုတ်ပြန်ကြညာခဲ့သည်။

ပြိုင်ပွဲကို ပြီးခဲ့သည့် မတ်လ(၂၄)ရက်နေ့တွင် စတင်ရပ်နားခဲ့ခြင်းဖြစ်ပြီး (၄)လကျော်အကြာရပ်နားခဲ့ရသော ပြိုင်ပွဲဖြစ်သည်။

ပြိုင်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ အကြိမ်ကြိမ်ကြိုးစားခဲ့ရခြင်းဖြစ်ပြီး လိုအပ်သည့် စစ်ဆေးမှုများအပါအဝင်၊ ပါဝင်ယှဉ်ပြိုင်မည့် ကလပ်အသင်းများအား Camp

quarantine ထားရှိခြင်း၊ရောဂါပိုး စစ်ဆေးခြင်းနှင့် အခြားလမ်းညွှန်ဆောင်ရွက်ချက်များကို လိုက်နာဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ထို့အပြင် ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် ကလပ်အသင်းများ၊ဒိုင်များအား ရောဂါပိုးစစ်ဆေးမှုကို သြဂုတ်လ(၁၀)ရက်နှင့် (၁၁)ရက်နေ့ များတွင် ပြုလုပ်ခဲ့ရာ Negative ရလဒ်ထွက်ပေါ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရေး ဆွေးနွေးပွဲကို သြဂုတ်(၁၂)ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် MNLပြိုင်ပွဲကို သြဂုတ်(၂၂)ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲကို မတ်(၂၄)ရက်တွင်  ရပ်နားခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲရပ်နားထားချိန်တွင် အမှတ်ပေးဇယားကို ဟံသာဝတီယူနိုက်တက်အသင်းက ဦးဆောင်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent