■ VAR မှာ ဘောလုံးလောကကို ဖျက်ဆီးနေကြောင်း နယ်သာလန်နည်းပြ ရော်နယ်လ်ကိုးမန်း ဝေဖန်     

■ VAR မှာ ဘောလုံးလောကကို ဖျက်ဆီးနေကြောင်း နယ်သာလန်နည်းပြ ရော်နယ်လ်ကိုးမန်း ဝေဖန်     
Photo: Sky Sports
Photo: Sky Sports
Published 12 July 2024

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက VAR မှာ ဘောလုံးလောကကို ဖျက်ဆီးနေကြောင်း အင်္ဂလန်အသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် ဝေဖန်ပြောကြားမှုများပြုလုပ်ခဲ့သည်။

    

နယ်သာလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဇာဗီဆိုင်မွန်စ်၏သွင်းဂိုးဖြင့် ဦးဆောင်ကစားခွင့်ရသော်လည်း (၁၈) မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးနှင့် (၉၀+၁) မိနစ်တွင် အနိုင်ဂိုးပြန်ပေးရသဖြင့် ရှုံးပွဲကြုံတွေ့ခဲ့သည်။ 

ကိုးမန်းက ပယ်နယ်တီ ပေးရသည့်ဖြစ်ရပ်ကို ဝေဖန်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးကို ဟာရီကိန်းကန်ပြီးမှသာ ဒမ်ဖရီးစ်က တားဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

ဂျာမနီကွင်းလယ်ဒိုင်လူကြီး ဖီးလစ်ဇိုင်ယာသည် အစောပိုင်းတွင် ပယ်နယ်တီမပေးသော်လည်း VAR ဒိုင်အဖွဲ့၏ အကြံပေးမှုကြောင့် ကွင်းဘေးရှိ မော်နီတာကို သွားရောက်ကြည့်ရှုပြီးနောက် ပယ်နယ်တီသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

    

သို့ဖြစ်ရာ ကိုးမန်းက "ကျွန်တော့်အမြင်အရတော့ ဒါက ပယ်နယ်တီမပေးသင့်ပါဘူး။ သူက ဘောလုံးကို ကန်လိုက်ပြီး ဖိနပ်နဲ့ ထိသွားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘောလုံးကို မှန်ကန်စွာ မကစားနိုင်ဘူးလို့ထင်တယ်။ အဲဒါက VAR ကြောင့်ပါ။ အဲဒါက ဘောလုံးကို တကယ်ဖျက်ဆီးနေတာပါ"ဟု ဝေဖန်ပြောကြားသည်။ 

ထို့ပြင် ရော်နယ်လ်ကိုးမန်းက ကွင်းလယ်ဒိုင်သည် အရေးမယူသင့်သည့် ကိစ္စများကို မကြာခဏအရေးယူပြီး ပြစ်ဒဏ်ဘောများ သတ်မှတ်နေခြင်းကြောင့် မိမိတို့အသင်းအနေဖြင့် ပွဲကို အရှိန်တင်ရာတွင် အခက်အခဲများရှိခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။ 

ကိုးမန်းက "ကျွန်တော်တို့ အရှိန်တင်မယ့် အချိန်တိုင်းမှာ ပြစ်ဒဏ်မဖြစ်သင့်ဘဲ ဖြစ်သွားတဲ့ ဘောလုံးတွေကြောင့် ဘောလုံးကို အင်္ဂလန်အသင်းက မကြာခဏ ပြန်ကိုင်ကစားခွင့် ရခဲ့ပါတယ်။ တချို့သော ဆုံးဖြတ်ချက်တွေကို လုံးဝနားမလည်နိုင်တဲ့အပြင် အနည်းငယ်လောက်သော စောဒကတက်မှုတွေအတွက်လည်း အဝါကတ်တွေနဲ့ သတိပေးတာက ကစားသမားရဲ့ လက်ကျန်မိနစ်တွေကဂိမ်းကို ဖျက်ဆီးရာကျပါတယ်"ဟု ဆိုခဲ့သည်။  

နယ်သာလန်အသင်းအနေဖြင့် ယင်းပွဲ ရှုံးနိမ့်မှုကြောင့်  (၃၆) နှစ်အကြာတွင် ယူရိုပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ တစ်ကျော့ပြန် တက်ရောက်နိုင်မည့်အခွင့်အရေး လက်လွှတ်ခဲ့ရသည်။

Most Read

Most Recent