၂၀၁၉-၂၀ ဘောလုံးရာသီမှာ မိမိတို့အတွက် ရသစုံခဲ့သည့် ရာသီတစ်ခု ဖြစ်ခဲ့ကြောင်း ရာမို့စ် ပြောကြား

၂၀၁၉-၂၀ ဘောလုံးရာသီမှာ မိမိတို့အတွက် ရသစုံခဲ့သည့် ရာသီတစ်ခု ဖြစ်ခဲ့ကြောင်း ရာမို့စ် ပြောကြား
Photos: AFP
Photos: AFP
Published 12 August 2020

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ယခုရာသီတွင် လာလီဂါနှင့် စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်တွင်မူ ရှုံးထွက် (၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းခေါင်ဆောင်ရာမို့စ်က ပြီးဆုံးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ မိမိတို့အတွက် ရသစုံခဲ့သည့် ရာသီတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ယခုရာသီတွင် လာလီဂါနှင့် စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်တွင်မူ ရှုံးထွက် (၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရသည်။ 

ရာမို့စ်က " ကျွန်တော်တို့အတွက် ခါးသက်ခြင်း၊ ချိုမြိန်ခြင်းတွေနဲ့ ရသစုံခဲ့တဲ့ရာသီပါပဲ။ အလွန်လည်း အံ့အားသင့်ခဲ့ရပါတယ်။  ဒီရာသီဟာ အားလုံးအတွက် ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ရီးယဲလ်မက်ဒရစ်ဖြစ်ပြီး ပွဲတိုင်းကိုအနိုင်ရဖို့ကြိုးစားခဲ့ပါတယ်" ဟုဆိုခဲ့သည်။

Most Read

Most Recent