ကလပ်အသင်းနှင့် ဒိုင်လူကြီး ၃၀၀ ကျော်အား COVID-19 ရောဂါပိုး စစ်ဆေးခဲ့ပြီး ပထမနေ့စစ်ဆေးမှုတွင် အားလုံး Negative အဖြေထွက်

ကလပ်အသင်းနှင့် ဒိုင်လူကြီး ၃၀၀ ကျော်အား COVID-19 ရောဂါပိုး စစ်ဆေးခဲ့ပြီး ပထမနေ့စစ်ဆေးမှုတွင် အားလုံး Negative အဖြေထွက်
Photos: MNL Facebook
Photos: MNL Facebook
Published 12 August 2020

၂၀၂၀ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲ လက်ကျန်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကလပ်အသင်းများအနက် ရန်ကုန်အသင်းသည် ဇွန်လကတည်းက ကိုယ်ပိုင်အစီအစဉ်ဖြင့် စစ်ဆေးပြီးဖြစ်သောကြောင့် ကျန်ရှိသည့်ကိုးသင်းကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

မြန်မာနေရှင်နယ်လိဂ်သည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရန် သြဂုတ် ၁၀၊ ၁၁ ရက်တွင် MNL ကလပ်အသင်းများနှင့် ဒိုင်လူကြီး စုစုပေါင်း ၃၀၀ ကျော်အား COVID-19 ရောဂါ ပိုးရှိ မရှိ စစ်ဆေးခဲ့ပြီး ပထမနေ့စစ်ဆေးချက်တွင် အားလုံး Negative အဖြေထွက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်သည် ကလပ်အသင်းများ၏ ရောဂါပိုးစစ်ဆေးမှုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး သြဂုတ် ၁၁ ရက်တွင် ကျန်ရှိသည့် ဟံသာဝတီ၊ ဧရာဝတီ၊ စစ်ကိုင်း၊ အား/ကာသိပ္ပံအသင်းနှင့် ပြည်တွင်းဘောလုံးပြိုင်ပွဲများတွင် တာဝန်ယူ ကိုင်တွယ်မည့် ဒိုင်လူကြီးများကို ထပ်မံစစ်ဆေးခဲ့သည်။ ၂၀၂၀ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲ လက်ကျန်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကလပ်အသင်းများအနက် ရန်ကုန်အသင်းသည် ဇွန်လကတည်းက ကိုယ်ပိုင်အစီအစဉ်ဖြင့် စစ်ဆေးပြီးဖြစ်သောကြောင့် ကျန်ရှိသည့်ကိုးသင်းကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

သြဂုတ် ၁၀ ရက်က စစ်ဆေးခဲ့သည့် ရတနာပုံ၊ ရှမ်းယူနိုက်တက်၊ ရခိုင်၊ မကွေးနှင့် Southern အသင်းတို့အား စစ်ဆေးခဲ့သည့် ရလဒ်တွင် အားလုံး Negative အဖြေထွက်ပေါ်ခဲ့သည်။ "ကျွန်တော်တို့အနေနဲ့ ပြည်တွင်း ဘောလုံးပြိုင်ပွဲတွေ အမြန်ဆုံးကျင်းပနိုင်ဖို့ ဆောင်ရွက်နေပြီး ကလပ်အသင်းတွေကို ရောဂါပိုးစစ်ဆေးတာတွေ ဆောင်ရွက်ပေးနေပါတယ်။ ကလပ်အသင်းကိုးသင်းက အုပ်ချုပ်/နည်းပြတွေ၊ ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေအပါအဝင် စုစုပေါင်း ၃၀၀ ကျော်ကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ပထမနေ့စစ်ဆေးခဲ့တာ ငါးသင်းမှာ ရောဂါပိုးမရှိဘဲ Negative အဖြေထွက်ခဲ့ပါတယ်။ အသင်းအားလုံးနဲ့ ဒိုင်လူကြီးတွေရဲ့ ရောဂါပိုးစစ်ဆေးချက်အဖြေ သိရပြီးရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထပ်မံတင်ပြမှာဖြစ်ပါတယ်။ ကော်မတီက ခွင့်ပြုချက်ပေးမှ ကျင်းပခွင့်ရမှာပါ" ဟု MNL အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

MNL ကလပ်အသင်းများအနက် ရန်ကုန်နှင့် အား/ကာသိပ္ပံအသင်းမှလွဲ၍ အဆောင်အခက်အခဲရှိသည့် အသင်းများမှာ မြန်မာနေရှင်နယ်လိဂ်က စီစဉ်ပေးသည့် MFF လက်ရွေးစင်ကစားသမားများ နားနေ ဆောင်တွင် Camp Quarantine နေထိုင်လျက်ရှိသည်။ မြန်မာနေရှင်နယ်လိဂ်သည် ကလပ်အသင်းများတွင် ရောဂါကူးစက်မှုမရှိ စေရန်အတွက် ပြိုင်ပွဲကျင်းပခွင့်ရပါက ပြီးဆုံးသည့်အချိန်အထိ Camp Quarantine နေ ထိုင်စေမည်ဖြစ်ကြောင်း သိရသည်။ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန် ရှိသူများသည် လက်ရွေးစင်အဆောင်တွင် နေထိုင်သည့် ရှစ်သင်းအပါအဝင် အသင်းအားလုံး၏ အဆောင်များကို သြဂုတ် ၁၀ ရက် က စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

Most Read

Most Recent