မန်စီးတီးအသင်းနှင့် အဘူဒါဘီအစိုးရပိုင်ကုမ္ပဏီအကြား စပွန်ဆာကိစ္စနှင့်ပတ်သက်သည့် အီးမေးလ်များကို Der Spiegel ထပ်မံဖွင့်ချ

မန်စီးတီးအသင်းနှင့် အဘူဒါဘီအစိုးရပိုင်ကုမ္ပဏီအကြား စပွန်ဆာကိစ္စနှင့်ပတ်သက်သည့် အီးမေးလ်များကို Der Spiegel ထပ်မံဖွင့်ချ
Photos : Getty Images
Photos : Getty Images
Published 2 August 2020

ထပ်မံဖွင့်ချခဲ့သည့် အီးမေးလ်များအနက် တစ်စောင်တွင် မန်စီးတီးအသင်း ဒါရိုက်တာနှင့် အဘူဒါဘီ အစိုးရအာဏာပိုင်အဖွဲ့၏ အကြီးတန်းအမှုဆောင်ဖြစ်သူ ဆိုင်မွန်ပီယာ့စ်က အီတီဟတ်လေကြောင်းလိုင်းနှင့် စပွန်ဆာစာချုပ်အတွက် ရရှိမည့် ပေါင် ၉၉ သန်းအနက် ပေါင် ၉၁ သန်း အကြွေးကျန်ရှိကြောင်း ရေးသားပေးပို့ထားရာ အီတီဟတ်အနေဖြင့် မန်စီးတီးအသင်းထံ ပေါင် ရှစ်သန်းသာ အမှန်တကယ်ပေးချေခဲ့ခြင်းဖြစ်ကြောင်း Der Spiegel က ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းနှင့် အဘူဒါ ဘီအစိုးရပိုင် ကုမ္ပဏီအကြား စပွန် ဆာကိစ္စနှင့်ပတ်သက်၍ ပေးပို့ထားသည့် အီးမေးလ်များကို ဂျာမနီနိုင်ငံထုတ် Der Spiegel မဂ္ဂဇင်းက ထပ်မံ ဖွင့်ချခဲ့ကြောင်း သိရသည်။

Der Spiegel မဂ္ဂဇင်းသည် မန်စီးတီးအသင်း၏ အီးမေးလ်များကို ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ပထမအကြိမ် ဖွင့်ချခဲ့ဖူးပြီး ယင်းဖြစ်ရပ်ကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ပြန်လည်စစ်ဆေး၍ ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် နှစ်ရာသီ ပိတ်ပင်သည့်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ယူရိုသန်း ၃၀ ချမှတ်ခဲ့သည်။ မန်စီးတီးအသင်းက ယင်းပြစ်ဒဏ်ကို အယူခံဝင်ရာ နိုင်ငံတကာအားကစား ခုံရုံး (CAS) က ဥရောပပြိုင်ပွဲယှဉ် ပြိုင်ခွင့် ပိတ်ပင်သည့်ပြစ်ဒဏ်ကို ပယ်ဖျက်၍ ဒဏ်ကြေးကိုလည်း ယူရို ၁၀ သန်းသာ ပြောင်းလဲပေးဆောင်ရန် ဇူလိုင် ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ သို့သော် Der Spiegel မဂ္ဂဇင်းက မန်စီးတီးအသင်း၏ အီးမေးလ် ပေါက်ကြားမှုကို ကြာသပတေးနေ့ တွင် ထပ်မံဖွင့်ချခဲ့ပြီး CAS က ကြားနာစစ်ဆေးမှု အသေးစိတ်ကို စာမျက်နှာ ၉၃ မျက်နှာပါဝင်သည့် အစီရင်ခံစာ တရားဝင်ထုတ်ပြန်ပြီးနောက် နှစ်ရက်အကြာတွင် ဖွင့်ချခဲ့ခြင်းဖြစ်သည်။

ထပ်မံဖွင့်ချခဲ့သည့် အီးမေးလ်များအနက် တစ်စောင်တွင် မန်စီးတီးအသင်း ဒါရိုက်တာနှင့် အဘူဒါဘီ အစိုးရအာဏာပိုင်အဖွဲ့၏ အကြီးတန်းအမှုဆောင်ဖြစ်သူ ဆိုင်မွန်ပီယာ့စ်က အီတီဟတ်လေကြောင်းလိုင်းနှင့် စပွန်ဆာစာချုပ်အတွက် ရရှိမည့် ပေါင် ၉၉ သန်းအနက် ပေါင် ၉၁ သန်း အကြွေးကျန်ရှိကြောင်း ရေးသားပေးပို့ထားရာ အီတီဟတ်အနေဖြင့် မန်စီးတီးအသင်းထံ ပေါင် ရှစ်သန်းသာ အမှန်တကယ်ပေးချေခဲ့ခြင်းဖြစ်ကြောင်း Der Spiegel က ဖော်ပြခဲ့သည်။

ထို့ပြင် ဆိုင်မွန်ပီ ယာ့စ်သည် ၎င်း၏ အမှုဆောင်အာ ဏာပိုင်အဖွဲ့မှတစ်ဆင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် မန်စီးတီးအသင်း ဘဏ္ဍာရေးအရာရှိချုပ် ပီတာဘောင်း ဂါတ်နာထံ ငွေပေးချေမှုအကြောင်း အီးမေးလ်ပေးပို့ခဲ့ပြီး စပွန်ဆာစာချုပ် သဘောတူညီမှုအရ အီတီဟတ်လေကြောင်းအနေဖြင့် မန်စီးတီးအသင်း အား ၂၀၁၂-၂၀၁၃ ရာသီတွင် ပေါင် ၃၁ ဒသမ ၅ သန်း၊ ၂၀၁၃-၂၀၁၄ ရာသီတွင် ပေါင် ၆၇ ဒသမ ၅ သန်း၊ စုစုပေါင်း ပေါင် ၉၉ သန်း အကြွေး ကျန်ရှိနေကြောင်း ရေးသားဖော်ပြထားသည်။ 

"ကျွန်တော်တို့က စုစုပေါင်း ပေါင် ၉၉ သန်းရမှာဖြစ်ပြီး ခင်ဗျားက ပေါင်ရှစ်သန်းရမယ်။ အဲဒါကြောင့် ကျွန်တော်က ပေါင် ၉၁ သန်း ပေးရမှာဖြစ်ပေမဲ့ ပေါင် ၈၈ ဒသမ ၅ သန်းပဲ ခင်ဗျားဆီပို့ပြီး တော့ ပေါင် ၂ ဒသမ ၅ သန်း ချန် ထားလိုက်မယ်" ဟု ဆိုင်မွန်ပီယာ့စ်က ရေးသားထားသည်။

ထို့ပြင် ၂၀၁၃-၂၀၁၄ ရာသီ အတွက် အီတီဟတ်က ပေးချေရ မည့် ပေါင် ၆၇ ဒသမ ၅ သန်းအနက် ပေါင် ၆၅ သန်းကို လက်ငင်းပေးချေ၍ လက်ကျန် ပေါင် ၂ ဒသမ ၅ သန်း ကို နောက်တစ်နှစ်မှသာ ပေးချေရန် (သို့မဟုတ်) ပေါင် ၂ ဒသမ ၅ သန်း ကို နှစ်လအတွင်း ထပ်မံပေးချေရန်  ဆိုင်မွန်ပီယာ့စ်က ပီတာဘောင်းဂါတ်နာထံ ရေးသားထားပြီး ပေါင် ၂ ဒသမ ၅ သန်း ကျန်ရှိခြင်းအတွက် တောင်းပန်ခဲ့သည်။ " ပေါင် ၆၅ သန်း  ကို အခုပေးပြီးတော့ ကျန်တဲ့ ပေါင် ၂ ဒသမ ၅ သန်းကို နှစ်လအတွင်း ထပ်လွှဲပေးလိုက်မယ်။ ခင်ဗျားသိတဲ့ အတိုင်းပဲ။ ခင်ဗျားကို ပိုပေးရမယ့်အစား လျှော့ပေးရတာ ကျွန်တော့်အတွက် ရှက်စရာကောင်းပါတယ်" ဟု ၎င်းက ဆိုသည်။

မန်စီးတီးအသင်းကမူ Der Spiegel ၏ ပထမအကြိမ် ဖွင့်ချမှု ပြုလုပ်စဉ်ကတည်းက ဖြေရှင်းချက် ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ Der Spiegel သည် ဘောလုံး လောက၏ လျှို့ဝှက်ချက်များဖော် ထုတ်ခဲ့သည့် Football Leaks ဝက်ဘ်ဆိုက်မှ အချက်အလက်များ ကို ကိုးကား၍ ဖော်ပြနေခြင်းဖြစ်ပြီး ယင်းဝက်ဘ်ဆိုက်တည်ထောင်သူ ဟက်ကာ ရူအီပင်တိုမှာ အီးမေးလ်များကို တရားမဝင်နည်းလမ်းဖြင့် ရယူမှုကြောင့် ပေါ်တူဂီနိုင်ငံ၌ တရား ရင်ဆိုင်နေရသည်။ 

Most Read

Most Recent