Southern အသင်း နည်းပြအဖွဲ့ဝင်များနှင့် အမာခံကစားသမားအများစု ယခုရာသီကုန်တွင် စာချုပ်ကုန်ဆုံးမည်

Southern အသင်း နည်းပြအဖွဲ့ဝင်များနှင့် အမာခံကစားသမားအများစု ယခုရာသီကုန်တွင် စာချုပ်ကုန်ဆုံးမည်
Photos: SMFC
Photos: SMFC
Published 26 July 2020

ဦးကျော်မင်းသည် Southern အသင်းကို ၂၀၁၇ ရာသီကတည်းက ကိုင်တွယ်နေခြင်း ဖြစ်ကြောင်း သိရသည်။ Southern အသင်းသည် ယခုရာသီ လက်ကျန်ပွဲများ ယှဉ်ပြိုင်ကစားရန် မော်လမြိုင်မြို့၌ လေ့ကျင့်လျက်ရှိ ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ အတိုင်း ပြင်ဆင်လျက်ရှိသည်။ 

မြန်မာနေရှင်နယ်လိဂ်ကလပ် Southern အသင်း နည်းပြအဖွဲ့ဝင်များနှင့် အမာခံ ကစားသမားအများစုသည် ယခုရာသီကုန် တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ကြောင်း သိရသည်။

Southern အသင်းသည် ယခုရာသီတွင် ပြည်တွင်းကစားသမားများဖြင့်သာ ဖွဲ့စည်းထားပြီး စာချုပ်သက်တမ်းတိုးမည့်ကိစ္စများကို ရာသီကုန်မှသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ "ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်မယ့်သူတွေ အများကြီးရှိပါတယ်။ ကျွန်တော်အပါအဝင် အမာခံကစားသမား တော်တော်များများ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။ လောလောဆယ်အနေအထားက ပြိုင်ပွဲစတင်ဖို့တောင် ရက်အတိအကျမထွက် သေးတာကြောင့် စာချုပ်သက်တမ်းတိုးဖို့ မဆွေးနွေးရသေးပါဘူး။ ပြိုင်ပွဲတွေ ပြန်လည်စတင်ပြီးမှပဲ ဆွေးနွေးသွားမှာပါ။ ကျွန်တော့် အနေနဲ့ ဒီအသင်းမှာ လုပ်ကိုင်ရတာ အဆင်ပြေသလို ဆက်လက်ပြီး လက်တွဲသွားချင်ပါတယ်"ဟု Southern အသင်းနည်းပြချုပ် ဦးကျော်မင်းက ပြောကြားခဲ့သည်။

ဦးကျော်မင်းသည် Southern အသင်းကို ၂၀၁၇ ရာသီကတည်းက ကိုင်တွယ်နေခြင်း ဖြစ်ကြောင်း သိရသည်။ Southern အသင်းသည် ယခုရာသီ လက်ကျန်ပွဲများ ယှဉ်ပြိုင်ကစားရန် မော်လမြိုင်မြို့၌ လေ့ကျင့်လျက်ရှိ ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ အတိုင်း ပြင်ဆင်လျက်ရှိသည်။ 

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့်ကာလအတွင်း MNL ကလပ်အသင်းအများစု လစာများ လျှော့ချခဲ့သော်လည်း Southern အသင်းအနေဖြင့် နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများကို ပုံမှန်အတိုင်း လစာပေးချေလျက်ရှိသည်။ Southern အသင်းသည် ၂၀၀၉ ခုနှစ်ကတည်းက စတင်တည်ထောင်ထားခြင်းဖြစ် သည်။     

Most Read

Most Recent