သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့အတွက် COVID-19 ကာလ ထောက်ပံ့မှုအဖြစ် ဆန်၊ ဆီ၊ ပဲ၊ ဆား များကို တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ပေးအပ်လှူဒါန်းမှုအား ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ လှူဒါန်းပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အပါအဝင် တပ်မတော် အရာရှိကြီးများနှင့် အနုပညာရှင်များ တက်ရောက်ခဲ့သည်။




















