ပြင်သစ်အသင်းတိုက်စစ်မှူး ဂရီးဇ်မန်းက ဂျာမနီအသင်းအား (၂-၁)ဂိုး ဖြင့် အနိုင်ရရှိခဲ့ခြင်းမှာ ပထမပိုင်းအပြီးတွင် အသင်းဖော်ချင်းဆွေးနွေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
UEFA Nations League ပြိုင်ပွဲ League A- Group(1) ပွဲစဉ်အဖြစ် ပြင်သစ်နှင့် ဂျာမနီတို့ ကစားခဲ့ပြီး ပြင်သစ်အသင်းသည် ပထမပိုင်းတွင် (၀-၁)ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂရီးဇ်မန်း၏ သွင်းဂိုး(၂)ဂိုးကြောင့် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပြင်သစ်အသင်းသည် အဆိုပါပွဲစဉ်ကို အိမ်ကွင်း၌ လက်ခံကစားခဲ့ရသော်လည်း ပထမပိုင်းတွင် ဂျာမနီအသင်းအား ယှဉ်နိုင်ခဲ့ခြင်းမရှိပေ။ ဂရီးဇ်မန်းက "ဂျာမနီနဲ့ပွဲမှာ ပထမပိုင်းက ကျွန်တော်တို့အတွက် အတော်လေးကို ခက်ခဲခဲ့ပါတယ်။ သူတို့ရဲ့နောက်တန်း (၃)ယောက်ထားကစားတဲ့ ကစားဟန်ကို ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ တိုင်ပင်ခဲ့ကြပြီး နည်းစနစ် (၂)ခု (၃)ခုလောက် ပြောင်းလဲလိုက်မှပဲ ကျွန်တော်တို့အသင်း တိုးတက်လာခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ အသင်းဖော်ချင်း ဆွေးနွေးပြီး စကားနည်းနည်းပြောခဲ့ကြတယ်။ ဒါက ပြောင်းလဲလိုက်တာပါ။ ကျွန်တော်တို့အသင်းဖော်တွေဟာ တစ်ယောက်ကို တစ်ယောက် ကူညီနိုင်ဖို့အ တွက် အရမ်းကြိုးစားခဲ့ကြလို့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်လာခဲ့တာပါ"ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။