ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူခဲ့သည့် ဘာ့ဂ်ဝင်းချ်ကို ယခင်က မကြိုက်ခဲ့ဟု မော်ရင်ဟို ဝန်ခံ

ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူခဲ့သည့် ဘာ့ဂ်ဝင်းချ်ကို ယခင်က မကြိုက်ခဲ့ဟု မော်ရင်ဟို ဝန်ခံ
Photos: AFP
Photos: AFP
Published 24 June 2020

ဘာ့ဂ်ဝင်းချ်အား ယခင်က ကြိုက်နှစ်သက်ခြင်းမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ၎င်း၏ခြေစွမ်းအတွက် အလွန်ကျေနပ်နေသည်ဟု ဝန်ခံပြောကြားခဲ့သည်။

စပါးအသင်းနည်းပြ မော်ရင်ဟိုက ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူခဲ့သည့် နယ်သာလန်တောင်ပံကစားသမား ဘာ့ဂ်ဝင်းချ်မှာ မိမိလိုချင်သည့် ပထမဦးစားပေးကစားသမားမဟုတ်ဟု ပြောကြားခဲ့သည်။ 

ဘာ့ဂ်ဝင်းချ်အား ယခင်က ကြိုက်နှစ်သက်ခြင်းမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ၎င်း၏ခြေစွမ်းအတွက် အလွန်ကျေနပ်နေသည်ဟု ဝန်ခံပြောကြားခဲ့သည်။

မော်ရင်ဟိုက "သူ့ကို ခေါ်ယူခဲ့တဲ့အတွက် တာဝန်ရှိသူတွေကို ဂုဏ်ပြုပါ တယ်။  ကျွန်တော် သူ့ကို အရင်က မလိုချင်ခဲ့ပါဘူး။ တကယ်တော့ သူက တောက်ပတဲ့အနာဂတ်ရှိနေတဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ သူ့အတွက် ကျွန်တော်တို့ ပျော်ရွှင်ရတာထက်တောင် ပိုပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent