ပွဲကစားရန် အသင့်ဖြစ်နေပြီဟု ဆွာရက်ဇ် ဆို

ပွဲကစားရန် အသင့်ဖြစ်နေပြီဟု ဆွာရက်ဇ် ဆို
Photos: Getty Images
Photos: Getty Images
Published 30 May 2020

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က မိမိအနေဖြင့် ဒဏ်ရာမှပြန်လည်သက်သာလာပြီဖြစ်ပြီး ဘောလုံးပွဲများ ကစားရန် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

 

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က မိမိအနေဖြင့် ဒဏ်ရာမှပြန်လည်သက်သာလာပြီဖြစ်ပြီး ဘောလုံးပွဲများ ကစားရန် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ခြင်းကြောင့် ဇန်နဝါရီလကတည်းက အနားယူနေခဲ့ရသူဖြစ်သည်။

ယခုအခါ ဒဏ်ရာမှ ပြန်လည်သက်သာပြီဖြစ်၍ ဆွာရက်ဇ်မှာ ဘာစီလိုနာအသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ပြီး ပွဲကစားရန်အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်က "အမှန်ပြောရရင် အခု ကျွန်တော် အရမ်းပျော်နေပါတယ်။ အစတုန်းက အသင်းကြံ့ခိုင်ရေးမှူးတွေနဲ့အတူ ကျွန်တော် လေ့ကျင့်ခဲ့ပြီး တဖြည်းဖြည်းနဲ့ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါပြီ။ အခုဆိုရင် အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်ဆင်းနေတာတောင် ရက်အနည်းငယ်လောက် ရှိပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးက ကျွန်တော့်ကို ဒဏ်ရာကနေ ပြန်ကောင်းလာအောင် ကူညီလိုက်တာပါပဲ။ ကျွန်တော့်အနေနဲ့ ပွဲတွေကစားဖို့ အသင့်ဖြစ်နေပါပြီ"ဟု ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရပ်နားထားရသည့် ယခုရာသီ လာလီဂါပြိုင်ပွဲကို ဇွန်လ (၁၁)ရက်တွင် ပြန်လည်စတင်မည်ဟု စပိန်အားကစားကောင်စီက အတည်ပြုထုတ်ပြန်ထားသည်။

ဆွာရက်ဇ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၂၃)ပွဲတွင် (၁၄)ဂိုး သွင်းယူထားပြီး ၎င်း မပါနိုင်ချိန်တွင် ဘာစီလိုနာအသင်း၏ တိုက်စစ်ပိုင်းမှာ အားနည်းခဲ့ရသည်။

Close

 

Most Read

Most Recent