မြန်မာအားကစားအဖွဲ့ယှဉ်ပြိုင်မည့် ၂၀၂၀ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ယခုနှစ်တွင် ကျင်းပမည်မဟုတ်ဟု အရှေ့တောင်အာရှ မသန်စွမ်းအားကစားအဖွဲ့ချုပ်  အတည်ပြု

မြန်မာအားကစားအဖွဲ့ယှဉ်ပြိုင်မည့် ၂၀၂၀ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ယခုနှစ်တွင် ကျင်းပမည်မဟုတ်ဟု အရှေ့တောင်အာရှ မသန်စွမ်းအားကစားအဖွဲ့ချုပ်  အတည်ပြု
Photo : Malaymail
Photo : Malaymail
Published 24 May 2020

ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်နိုင်ငံအနေဖြင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကိုပါ လက်ခံကျင်းပရပြီး ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲအိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံမသန်စွမ်းပြိုင်ပွဲ ကျင်းပရမည် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ဘဏ္ဍာရေးအခြေအနေကြောင့် အောက်တိုဘာသို့ ပြောင်းလဲထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

အရှေ့တောင်အာရှ မသန်စွမ်းအားကစားအဖွဲ့ချုပ် (APSF) သည် ဖိလစ်ပိုင် နိုင်ငံ$ ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၀ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ယခုနှစ်တွင် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်နိုင်ငံအနေဖြင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကိုပါ လက်ခံကျင်းပရပြီး ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲအိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံမသန်စွမ်းပြိုင်ပွဲ ကျင်းပရမည် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ဘဏ္ဍာရေးအခြေအနေကြောင့် အောက်တိုဘာသို့ ပြောင်းလဲထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

"ဒီနှစ်ထဲမှာကျင်းပမယ့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် မကျင်းပနိုင်တော့ဘူးလို့ အကြောင်းကြားလာပါတယ်။ ပြိုင်ပွဲကို နှစ်ဆန်းပိုင်းကတည်းက ကျင်းပဖို့ ဖြစ်ပေမဲ့ အောက်တိုဘာကို ရွှေ့ဆိုင်းခဲ့ပြီး ဒီတစ်ကြိမ်ကတော့ ရောဂါအခြေအနေ ကြောင့် မကျင်းပဖြစ်တော့တာပါ။ ကျွန်တော်တို့ဆီက မသန်စွမ်းအားကစားသမားတွေကလည်း မတ်လကတည်းက လေ့ကျင့်မှုရပ်နားထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် လေ့ကျင့်တာတွေ ရပ်နားခဲ့ရတာဖြစ်ပါတယ်"ဟု အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော်လည်း ဝေဖန်မှုများစွာ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲစတင်ချိန်အထိ လက်ခံကျင်းပသည့် အားကစားရုံနှင့် ကွင်းပြင်ဆင်မှုများ ပြီးစီးမှုမရှိ သောကြောင့် ပြိုင်ပွဲဝင်အသင်းများ၊ လာ ရောက်အားပေးသည့် ပရိသတ်များ အခက် တွေ့ခဲ့ရသည်။ အာဆီယံ မသန်စွမ်းပြိုင်ပွဲကို ယခင်သတ်မှတ်ထားသည့် နှစ်ဆန်းပိုင်းတွင် ကျင်းပနိုင်ပါက ပြိုင်ပွဲဖြစ်မြောက်ဖွယ်ရှိသော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် နှစ်ကုန်ပိုင်းသို့ ရွှေ့ဆိုင်းခဲ့ပြီးနောက် ယခုအခါ ပြိုင်ပွဲပါ ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် သတ်မှတ်ကာလတွင် မကျင်းပနိုင်သည့်ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယင်းပြိုင်ပွဲတွင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၇ မလေးရှားပြိုင်ပွဲ၌ ရွှေ ၁၁ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၇ ခု ဆွတ်ခူးရရှိခဲ့သည်။