တန်းဆင်း တန်းတက် မရှိပါက ပရီးမီးယားလိဂ်တာဝန်ရှိသူများကို လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများ ဥပဒေကြောင်းအရ ရင်ဆိုင်မည်

တန်းဆင်း တန်းတက် မရှိပါက ပရီးမီးယားလိဂ်တာဝန်ရှိသူများကို လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများ ဥပဒေကြောင်းအရ ရင်ဆိုင်မည်
Photos: Getty Images
Photos: Getty Images
Published 10 May 2020

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ ရှေ့ဆက်ရန် တာဝန်ရှိသူများက နည်းလမ်းပေါင်းစုံ စဉ်းစားလျက်ရှိနေပြီး ယင်းထဲတွင် လက်ရှိရာသီကို ယခုရပ်တည်မှုအတိုင်း ရပ်ဆိုင်းကာ တန်းဆင်းတန်းတက် မထားရှိခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ 

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်မကစားဖြစ်တော့ဘဲ တန်းဆင်းတန်းတက်ခြင်းကိုလည်း ပယ်ဖျက်ခဲ့မည်ဆိုပါက ပရီးမီးယားလိဂ်အဖွဲ့ချုပ်တာဝန်ရှိသူများကို လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများက ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် လိဂ်ချန်ပီယံရှစ်၌  လိဒ်စ်၊ ဝက်စ်ဘရွန်း၊ ဖူလ်ဟမ်အစရှိ သောအသင်းများမှာ အဆင့် (၁၊ ၂၊ ၃) နေရာများ၌ ရပ်တည်လျက်ရှိနေပြီး လာမည့်ရာသီ ပရီးမီးယားလိဂ် တန်းတက်ခွင့်အတွက် အခွင့်အရေး အကောင်းဆုံးအသင်းများဖြစ်နေကြသည်။ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ ရှေ့ဆက်ရန် တာဝန်ရှိသူများက နည်းလမ်းပေါင်းစုံ စဉ်းစားလျက်ရှိနေပြီး ယင်းထဲတွင် လက်ရှိရာသီကို ယခုရပ်တည်မှုအတိုင်း ရပ်ဆိုင်းကာ တန်းဆင်းတန်းတက် မထားရှိခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ 

သို့သော် ယင်းကဲ့သို့ဆုံးဖြတ်ပါက လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများ၏ ဥပဒေကြောင်းအရ ရင်ဆိုင်ကန့်ကွက်မှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း အင်္ဂလန်ဘောလုံးလိဂ်အ ကြီးအကဲတစ်ဦးဖြစ်သူ ရစ်ပယ်ရီက ပြောကြားခဲ့သည်။ "ပရီးမီးယားလိဂ် ဟာ ကျွန်တော်တို့ လိဂ်ချန်ပီယံရှစ် ကလပ်အသင်းတွေရဲ့အနေအထားကို စဉ်းစားသင့်ပါတယ်။ တကယ်လို့သာ ပရီးမီးယားလိဂ် တန်းဆင်းတန်းတက်ကို ပယ်ဖျက်မယ်ဆိုရင် ရှေ့နေ တွေကတော့ ဝင်ငွေကောင်းဦးမှာပါ" ဟု ရစ်ပယ်ရီက ပြောကြားခဲ့သည်။

Most Read

Most Recent