ကိုရိုနာကပ်ဆိုးကြောင့် ဥရောပထိပ်တန်းလိဂ်(၁၀)ခုတွင် ကစားသမားများ တန်ဖိုးကျဆင်းမှုမှာ ယူရို(၁၀)ဘီလီယံနီးပါးအထိရှိဟု KPMG ဖော်ပြ

ကိုရိုနာကပ်ဆိုးကြောင့် ဥရောပထိပ်တန်းလိဂ်(၁၀)ခုတွင် ကစားသမားများ တန်ဖိုးကျဆင်းမှုမှာ ယူရို(၁၀)ဘီလီယံနီးပါးအထိရှိဟု KPMG ဖော်ပြ
Published 9 May 2020

လက်ရှိကြုံတွေ့နေသော ကိုရိုနာရောဂါကပ်ဆိုးကြောင့် ယခုရာသီကို အဆုံးမသတ်နိုင်ခဲ့ပါ က ဥရောပ ထိပ်တန်းလိဂ်(၁၀)ခုတွင် ကစားသမားများ၏ တန်ဖိုးကျဆင်းမှု စုစုပေါင်းမှာ ယူရို(၁၀)ဘီလီယံနီးပါးအထိ ရှိနိုင်ကြောင်း ဘော လုံးစီးပွားရေးကျွမ်းကျင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် KPMG Sports Advisory Practice က စစ်တမ်းထုတ်ဖော်ပြခဲ့သည်။

ဥရောပတွင်ဦးဆောင်နေသော ထိပ်တန်းလိဂ်(၁၀)ခုမှ ကစားသမား (၄၁၈၃)ဦး၏ တန်ဖိုးကျဆင်းမှုကို KPMG က တွက်ချက်ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကစားသမားများ၏ ပျမ်းမျှတန် ဖိုးကျဆင်းမှုမှာ (၄)ပုံ (၁)ပုံကျော်ခန့်အထိ(၂၆.၅ ရာခိုင်နှုန်းအ ထိ) ရှိနိုင်ကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကိုရိုနာကပ်ဆိုးမှာ  တစ်ကမ္ဘာလုံးကြုံတွေ့ရမည့် ရောဂါကပ်ဆိုးဖြစ်ကြောင်း ယခုနှစ် မတ်လ(၁၁) ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းမတ်လအတွင်းမှာပင် နိုင်ငံတကာမှ ဘောလုံးပြိုင်ပွဲများ ရပ်နားသွားခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ KPMGက ဘောလုံးရာသီ ပုံမှန်လည် ပတ်ခဲ့သော ၂၀၂၀ ဖေဖော်ဝါရီလအတွင်းရှိခဲ့သည့် ကစားသမားများ၏ တန်ဖိုးနှင့် ကပ်ဆိုးကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေ များတွင် ကစားသမားများ၏ တန်ဖိုးကို နှိုင်းယှဉ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

KPMG ၏ ဖော်ပြမှုအရ ဥရောပကလပ်အသင်းများထဲ တွင် ကစားသမားတန်ဖိုးအများဆုံးအသင်းဖြစ်သည့် မန်စီးတီး အသင်းမှာ ပြီးခဲ့သည့်  ၂၀၂၀၊ ဖေဖော်ဝါရီလတွင် ကစားသမား များ၏ စုစုပေါင်းတန်ဖိုး ယူရို(၁၂၄၃)သန်းရှိခဲ့ပြီး အကယ်၍ ရာ သီကို ဖျက်သိမ်းခဲ့မည်ဆိုပါက တန်ဖိုး ၂၂.၆% လျော့ကျကာ ယူရို(၉၆၁)သန်းသာ ရှိတော့မည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ ယခုရာသီကို ဆက်ကစားသည့်တိုင် ကလပ်အသင်းများ၏ ကစားသမားတန်ဖိုးမှာ လျော့ကျနေဦးမည်ဖြစ်ပြီး မန်စီး တီးအသင်းအနေဖြင့် ၁၅.၃% လျော့ကျကာ ယူရို (၁၀၅၃)သန်းသာ ရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်တွင် ကစားသမားကောင်းများကို ပိုင်ဆိုင်သည့် မန်စီးတီး၊ လီဗာပူးလ် အစရှိသောအသင်းများမှာ အထိအနာဆုံးဖြစ်သလို၊ စပိန်ကလပ် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာအစရှိသော အသင်းများမှာလည်း တန်ဖိုးမြင့်ကစားသမား များကို ပိုင်ဆိုင်ခြင်းကြောင့် ကစားသမားတန်ဖိုး သန်းပေါင်းများ စွာ လျော့ကျခြင်းကိုခံရမည်ဖြစ်ကြောင်း သိရှိရသည်။

အသင်းအလိုက် ကစားသမားများ တန်ဖိုးကျဆင်းမှု

        ကလပ်    ယခုနှစ်ဖေဖော်ဝါရီတန်ဖိုး    ရာသီဖျက်သိမ်းတန်ဖိုး    ရာသီရှေ့ဆက်ကစားတန်ဖိုး

မန်စီးတီး    ယူရို(၁၂၄၃)သန်း    ယူရို(၉၆၁)သန်း    ယူရို(၁၀၅၃)သန်း

လီဗာပူးလ်    ယူရို(၁၂၀၀)သန်း    ယူရို(၉၀၇)သန်း    ယူရို(၉၉၇)သန်း

ရီးယဲလ်    ယူရို(၁၁၆၈)သန်း    ယူရို(၈၅၁)သန်း    ယူရို(၉၄၄)သန်း

ဘာစီလိုနာ    ယူရို(၁၁၃၆)သန်း    ယူရို(၈၀၈)သန်း    ယူရို(၉၀၃)သန်း

မန်ယူ    ယူရို(၉၂၃)သန်း    ယူရို(၇၁၄)သန်း    ယူရို(၇၉၆)သန်း

ဘိုင်ယန်မြူးနစ်    ယူရို(၉၂၄)သန်း    ယူရို(၇၀၃)သန်း    ယူရို(၇၇၉)သန်း

PSG   ယူရို(၉၃၄)သန်း    ယူရို(၆၉၆)သန်း    ယူရို(၇၆၅)သန်း

ချယ်လ်ဆီး    ယူရို(၉၄၂)သန်း    ယူရို(၆၈၈)သန်း    ယူရို(၇၆၃)သန်း

တန်ဖိုးကျဆင်းမှုအများဆုံး ကစားသမားများ

  ကစားသမား    ကလပ်    ယခုနှစ်ဖေဖော်ဝါရီတန်ဖိုး    ရာသီဖျက်သိမ်းတန်ဖိုး    ရာသီရှေ့ဆက်ကစားတန်ဖိုး

ဘာပေ    PSG    ယူရို(၂၂၅)သန်း    ယူရို(၁၇၇)သန်း    ယူရို(၁၈၈)သန်း

နေမာ    PSG    ယူရို(၁၇၅)သန်း    ယူရို(၁၃၇)သန်း    ယူရို(၁၄၉)သန်း

စတာလင်    မန်စီးတီး    ယူရို(၁၅၀)သန်း    ယူရို(၁၂၉)သန်း    ယူရို(၁၃၄)သန်း

မက်ဆီ    ဘာစီလိုနာ    ယူရို(၁၇၅)သန်း    ယူရို(၁၂၇)သန်း    ယူရို(၁၃၄)သန်း

ဆာလာ    လီဗာပူးလ်    ယူရို(၁၅၅)သန်း    ယူရို(၁၂၄)သန်း    ယူရို(၁၃၁)သန်း

ဆန်ချို    ဒေါ့မွန်    ယူရို(၁၃၉)သန်း    ယူရို(၁၂၁)သန်း    ယူရို(၁၂၇)သန်း

မာနေ    လီဗာပူးလ်    ယူရို(၁၄၁)သန်း    ယူရို(၁၁၆)သန်း    ယူရို(၁၂၃)သန်း

ဟာရီကိန်း    စပါး    ယူရို(၁၃၅)သန်း    ယူရို(၁၁၂)သန်း    ယူရို(၁၁၇)သန်း

Most Read

Most Recent