လီဂူးရွှေဖိနပ်ဆုကို မိမိနှင့်အတူ ပူးတွဲပိုင်ရှင်အဖြစ် လက်ခံရန် ဘင်ယက်ဒါအား ဘာပေ တောင်းဆို

လီဂူးရွှေဖိနပ်ဆုကို မိမိနှင့်အတူ ပူးတွဲပိုင်ရှင်အဖြစ် လက်ခံရန် ဘင်ယက်ဒါအား ဘာပေ တောင်းဆို
Photos: Goal.com, Ligue Twitter & Getty Images
Photos: Goal.com, Ligue Twitter & Getty Images
Published 9 May 2020

PSG တိုက်စစ်မှူး ဘာပေက ၂၀၁၉-၂၀ ရာသီ လီဂူးရွှေဖိနပ်ဆုအား မိမိနှင့်အတူ ပူးတွဲပိုင်ရှင်အဖြစ် လက်ခံရန် မိုနာကိုတိုက်စစ်မှူး ဘင်ယက်ဒါအား တောင်းဆိုခဲ့သည်။

PSG တိုက်စစ်မှူး ဘာပေက ၂၀၁၉-၂၀ ရာသီ လီဂူးရွှေဖိနပ်ဆုအား မိမိနှင့်အတူ ပူးတွဲပိုင်ရှင်အဖြစ် လက်ခံရန် မိုနာကိုတိုက်စစ်မှူး ဘင်ယက်ဒါအား တောင်းဆိုခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ယခုရာသီ လီဂူးပြိုင်ပွဲကို ဧပြီ (၃၀)ရက်တွင် ဖျက်သိမ်းခဲ့ပြီး လီဂူးအဖွဲ့ချုပ်(LFP)က PSG အသင်းကို ချန်ပီယံအဖြစ် ကြေညာခဲ့သည်။ 

ယင်းနောက် ဧပြီ (၇)ရက်တွင် ၂၀၁၉-၂၀ လီဂူးရွှေဖိနပ်ဆုရှင်အဖြစ် PSG တိုက်စစ်မှူး ဘာပေကို LFP က ကြေညာခဲ့သည်။ ဘာပေနှင့် မိုနာကိုတိုက်စစ်မှူး ဘင်ယက်ဒါတို့မှာ (၁၈)ဂိုးစီ သွင်းယူထားသော်လည်း ဘာပေက ဂိုးအားလုံးကို Open Play မှ သွင်းယူခဲ့ပြီး ဘင်ယက်ဒါက ပယ်နယ်တီသွင်းဂိုး(၃)ဂိုး ပါဝင်ခဲ့ခြင်းကြောင့် ဘာပေကို ဂိုးသွင်းဘုရင်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သို့သော် ယင်းအချက်ကို ပရိသတ်များက သဘောမကျဘဲ ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဆာလာ၊ မာနေးနှင့် အူဘာမီယန်းတို့ (၃)ဦး ရွှေဖိနပ်ဆုပူးတွဲ ရရှိခဲ့ခြင်းကို ဝေဖန်ထောက်ပြခဲ့ကြသည်။ 

ပရိသတ်များ၏ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဘာပေက "ကျွန်တော့်ကို မက်ဆေ့ချ်ပို့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ရွှေဖိနပ်ဆုဟာ ဘင်ယက်ဒါနဲ့ ထိုက်တန်မှုအပြည့်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီတော့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို (၃)ဦး ပူးတွဲရရှိခဲ့သလို၊ ဘင်ယက်ဒါကိုလည်း ဒီရာသီ လီဂူးရွှေဖိနပ်ဆုကို ကျွန်တော်နဲ့အတူ ပူးတွဲပိုင်ရှင်အဖြစ် လက်ခံစေချင်ပါတယ်"ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။

Most Read

Most Recent